English (United Kingdom)

Print

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရထံသို့ နှာခေါင်းစည်းနှင့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်း

လတ်တလောတွင် ရန်ကုန်၊ မန္တလေးတို့တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ သံသယလူနာများ ဆက်တိုက်ဆိုသလို တွေ့ရှိနေရ ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဌာနအဆင့်ဆင့်အနေဖြင့် ရောဂါ ကာကွယ်ရေး အစီအမံများပြုလုပ်လျက်ရှိပါသည်။ ထိုတွင် မြန်မာနိုင်ငံအတွင်း ၌ နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူရေးတို့တွင် ခက်ခဲမှု များရှိရာ တိုင်းဒေသကြီးအစိုးရသည် ကုမ္ပဏီထံသို့ စစ်ကိုင်းတိုင်းပြည်သူလူထု အား လှူဒါန်းပေးရန် ညွှန်ကြားလာပါသည်။
၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့တွင် ကုမ္ပဏီသည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရထံ ကာကွယ်ရေးဝတ်စုံ အစုံ(၁၀၀)၊ N95 နှာခေါင်းစည်း အခု (၂၀၀)၊ ဆေးရုံသုံး နှာခေါင်းစည်း အခု (၅၀၀၀)၊ တန်ဘိုးအားဖြင့် တရုတ်ယွမ် (၄၅၇၀၀) ခန့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကုမ္ပဏီ၏ အဓိပ္ပါယ်ရှိသော ရက်ရောမှုအား ဂုဏ်ပြုချီးမွမ်း၍ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့် ခဲ့ပါသည်။

ကုမ္ပဏီသည် ကုမ္ပဏီ၏ လူမှုရေးတာဝန်များကို နှစ်ပေါင်းများစွာ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအနီးပတ်ဝန်းကျင်နှင့်အတူ ဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများ အကျိုးစီးပွား၊ ပညာရေး၊ ကျန်းမာရေးစသည်တို့တွင် တိုးတက်မြင့်မားလာခြင်းတို့ ဆောင်ယူ ပေးခဲ့ပါသည်။ ယခုရင်ဆိုင်နေရသော ရောဂါတိုက်ဖျက်ရေးတွင် ကုမ္ပဏီသည် လူသားမျိုးနွယ်အတွက် လူ့အဖွဲ့အစည်းကောင်းတစ်ခု တည်ဆောက်ရန် ခိုင်မာစွာ ပြောကြားလိုပါသည်။ စစ်ကိုင်းတိုင်းပြည်သူလူထုနှင့်အတူပူးပေါင်း ကာ အခက်အခဲအား ရင်ဆိုင်ကျော်ဖြတ်သွားမည်ဖြစ်သည်။ ထိုလူမှုရေး ဆောင်ရွက်ချက်များသည် ကုမ္ပဏီအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသော လူမှုဆက်ဆံရေးပုံရိပ်၏ ကဏ္ဍတစ်ရပ် ခြေတစ်လှမ်းဖြစ်သည်။

 

donation