English (United Kingdom)

Print

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရထံသို့ နှာခေါင်းစည်းနှင့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်း

Tuesday, 31 March 2020 14:44

လတ်တလောတွင် ရန်ကုန်၊ မန္တလေးတို့တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ သံသယလူနာများ ဆက်တိုက်ဆိုသလို တွေ့ရှိနေရ ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဌာနအဆင့်ဆင့်အနေဖြင့် ရောဂါ ကာကွယ်ရေး အစီအမံများပြုလုပ်လျက်ရှိပါသည်။ ထိုတွင် မြန်မာနိုင်ငံအတွင်း ၌ နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူရေးတို့တွင် ခက်ခဲမှု များရှိရာ တိုင်းဒေသကြီးအစိုးရသည် ကုမ္ပဏီထံသို့ စစ်ကိုင်းတိုင်းပြည်သူလူထု အား လှူဒါန်းပေးရန် ညွှန်ကြားလာပါသည်။
၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့တွင် ကုမ္ပဏီသည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရထံ ကာကွယ်ရေးဝတ်စုံ အစုံ(၁၀၀)၊ N95 နှာခေါင်းစည်း အခု (၂၀၀)၊ ဆေးရုံသုံး နှာခေါင်းစည်း အခု (၅၀၀၀)၊ တန်ဘိုးအားဖြင့် တရုတ်ယွမ် (၄၅၇၀၀) ခန့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကုမ္ပဏီ၏ အဓိပ္ပါယ်ရှိသော ရက်ရောမှုအား ဂုဏ်ပြုချီးမွမ်း၍ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့် ခဲ့ပါသည်။

ကုမ္ပဏီသည် ကုမ္ပဏီ၏ လူမှုရေးတာဝန်များကို နှစ်ပေါင်းများစွာ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအနီးပတ်ဝန်းကျင်နှင့်အတူ ဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများ အကျိုးစီးပွား၊ ပညာရေး၊ ကျန်းမာရေးစသည်တို့တွင် တိုးတက်မြင့်မားလာခြင်းတို့ ဆောင်ယူ ပေးခဲ့ပါသည်။ ယခုရင်ဆိုင်နေရသော ရောဂါတိုက်ဖျက်ရေးတွင် ကုမ္ပဏီသည် လူသားမျိုးနွယ်အတွက် လူ့အဖွဲ့အစည်းကောင်းတစ်ခု တည်ဆောက်ရန် ခိုင်မာစွာ ပြောကြားလိုပါသည်။ စစ်ကိုင်းတိုင်းပြည်သူလူထုနှင့်အတူပူးပေါင်း ကာ အခက်အခဲအား ရင်ဆိုင်ကျော်ဖြတ်သွားမည်ဖြစ်သည်။ ထိုလူမှုရေး ဆောင်ရွက်ချက်များသည် ကုမ္ပဏီအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသော လူမှုဆက်ဆံရေးပုံရိပ်၏ ကဏ္ဍတစ်ရပ် ခြေတစ်လှမ်းဖြစ်သည်။

 

donation

 

Print

မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ၏ အသိပေးကြေညာချက်

Wednesday, 05 February 2020 20:04

"အသိပေးကြေညာချက်"


မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက် နှင့် မြန်မာယန်စီကော့ပါးလီမိတက်သည် မိမိကုမ္ပဏီဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ကူးစက်ရောဂါ အန္တရာယ်မှ ထိရောက်စွာကာကွယ်ရန် နှင့် ကူးစက်ပျံ့ပွားမှု မရှိစေရန်၊ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မှစ၍ ကုမ္ပဏီမှ တရုတ်နိုင်ငံသား ဝန်ထမ်းများ၏ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်နှင့် မြန်မာနိုင်ငံတွင်း ခရီးသွားလာခြင်းတို့အား သေချာစွာ တိတိကျကျ စိစစ်စစ်ဆေးလျှက်ရှိပြီး ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလည်း သီးသန့်ခွဲခြားထားရှိပြီး၊ (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုရေး လုပ်ဆောင်ပြီးနောက် ရောဂါသံသယလက္ခဏာများ မတွေ့ရှိမှသာ သီးသန့်ဆောင်မှ ထွက်ခွာစေပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ပါသည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလပိုင်း ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ဦးဆောင်မှုဖြင့် စစ်ကိုင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပညာရှင်များ ပါဝင်သောအဖွဲ့မှ ကြေးနီစီမံကိန်းသို့ ကွင်းဆင်းစစ်ဆေးပြီး သီးသန့် ခွဲခြားထားသည့် ဝန်ထမ်းများနှင့် ၎င်းဝန်ထမ်းများ၏ မိသားစုများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဆေး တွေ့ရှိချက်အရ သီးသန့်ဆောင်ရှိ လူအားလုံးမှာ ရောဂါသံသယ လက္ခဏာများ မတွေ့ရှိကြောင်း အတည်ပြုခဲ့ပါသည်။ လက်ရှိတွင်လည်း စောင့်ကြပ်ကြည့်ရှုရေး သီးသန့်ဆောင်ရှိ ထိုသူများ၏ ကျန်းမာရေး အား နေ့စဉ် စစ်ဆေး လျက်ရှိရာ ဖျားနာခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်းစသည့် ရောဂါ သံသယ လက္ခဏာများ မတွေ့ရှိရပါ။
ယခုတလော Facebook စသည့် လူမှုကွန်ယက်၌ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် "ယန်စီ Camp တွင် ရောဂါစောင့်ကြပ် ကြည့်ရှုရေး သီးသန့်ဆောင်ရှိ တရုတ်လူမျိုးတစ်ယောက် သေဆုံးသွားသည်။" ဟု ရေးသား ဖြန့်ဝေထားသည့် သတင်းများသည် မမှန်ကန်သော သတင်းများသာ ဖြစ်ပါသည်။ အကယ်၍ ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုများ စိုးရိမ်ပါက ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနများနှင့်အတူ အချိန်မရွေး ပူးပေါင်းဆောင်ရွက်စစ်ဆေးရန် အမြဲဆန္ဒရှိပါသည်။ စစ်ဆေးတွေ့ရှိချက်များကိုလည်း အချိန်နှင့်တပြေးညီ ပြည်သူလူထုသို့ အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် လူမှုကွန်ယက်တွင် ကုမ္ပဏီ၏အမည်နှင့် ဂုဏ်သိက္ခာကျဆင်းစေမည့် မဟုတ်မမှန်သော သတင်းများ ဖြန့်ဝေထားသူများကိုလည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အရေးယူပိုင်ခွင့် ရှိပါသည်။

သို့ပါ၍ ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်တွင် သတ္တုတွင်းစီမံကိန်းတွင် ကုမ္ပဏီအတွင်း ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ကူးစက်ဖြစ်ပွားသူ တစ်ဦးမျှ မရှိကြောင်း အလေးအနက် အသိပေးကြေညာအပ်ပါသည်။ သို့ဖြစ်ပါ၍ ဝန်ထမ်းများအားလုံးနှင့်တကွ၊ ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့်လည်း မစိုးရိမ်ကြပါရန်၊ မဟုတ်မမှန် သတင်းများ မယုံကြည်ကြပါရန်နှင့် မဟုတ်မမှန် သတင်းအမှားများ မဖြန့်ဝေကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

.....

မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက်
မြန်မာယန်စီကော့ပါးလီမိတက်
၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်

....

pdf

.....

   

Print

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်စပ်လျဉ်းပြီး မြန်မာဝမ်ပေါင်မှ ရှင်းလင်းချက်

Thursday, 30 January 2020 21:02

လတ်တလော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်စပ်လျဉ်းပြီး မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမိတက် ၏ (၃၀-၁-၂၀၂၀ ရက်စွဲပါ) မြန်မာဘာသာဖြင့် အသိပေးကြေညာချက် ဖြစ်ပါသည်။ အောက်ဖော်ပြပါ PDF ပုံတွင်နှိပ်ပြီး ဒေါင်းလုပ် ရယူဖတ်ရှုနိုင်ပါသည်။

 

pdf

 

Download