English (United Kingdom)

Print

မြန်မာဝမ်ပေါင်မှ ရှင်းလင်းချက်ထုတ်ပြန်ခြင်း

၁၅-၇-၂ဝ၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ တရုတ်သံရုံး ရှေ့ ၌ ပြုလုပ်သော လက်ပံတောင်းအရေးတောင်းဆိုမှု ပါဝင်သည့် ဆန္ဒပြပွဲတစ်ခုကြောင့် ကုမ္ပဏီအပေါ် အများပြည်သူများ၏ သဘောထားအမြင်နှင့် အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာစေနိုင်ပါသဖြင့် ကျွန်တော်များ မြန်မာဝမ်ပေါင်အနေဖြင့် ပြန်လည်တုံ့ပြန်ရှင်းလင်းအပ်ပါသည်။


၁၅-၇-၂ဝ၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ တရုတ်သံရုံး ရှေ့ ၌ ပြုလုပ်သောဆန္ဒပြပွဲ တစ်ခုတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုမှု ပါဝင်ကြောင်း ကျွန်တော်တို့ ကုမ္ပဏီအနေဖြင့် ကြားသိရပါသည်။ အဆိုပါ ဆန္ဒပြပွဲတွင် "ကြေးနီစီမံကိန်းကို စတင်လုပ်ဆောင်သည်မှ စတင်၍ ယနေ့အချိန်ထိ ဒေသခံပြည်သူများ၏ မြေယာများကို သိမ်းပိုက်ခြင်း၊ တောင်သူများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ကြေးနီစီမံကိန်းသည် ယနေ့အထိ အစီရင်ခံစာ အချက်အလက်များကို လိုက်နာမှု မရှိသောကြောင့် ဖျက်သိမ်းပေးရေး " နှင့် "အစီရင်ခံစာတွင်ပါဝင်သော အစားထိုးမြေဧက ၁၉ဝဝ ကို ဖော်ထုတ် မပေးသော ကြေးနီစီမံကိန်း " ဟု ဆိုသော ဆန္ဒပြ ကြွေးကြော်သံ များဖြင့် အခြေအမြစ်မရှိဘဲ အများပြည်သူ ကို အထင်အမြင်လွဲမှားယုံကြည်လာစေရန် တစ်ဖက်သတ် စွပ်စွဲပြောဆိုခဲ့ကြပါသည်။

 


၁။ စီမံကိန်း၏ မြေယာ အသုံးချရေး ကဏ္ဍတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရ ၏ အစီအမံအောက်တွင်သာ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း အနေဖြင့် ငှားရမ်း အသုံးပြုနေခြင်း ဖြစ်ပါကြောင်း ရှင်းလင်းစေအပ်ပါသည်။


၂။ ဒေသခံရွာသားများ၊ ဆန္ဒပြသူများ၊ ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် လုံခြုံရေးဆောင် ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအပေါ် အန္တရာယ်တစ်စုံတစ်ရာ ရှိစေနိုင်သည့် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ကျွန်တော်တို့အနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း အများပြည်သူထံ ရှင်းလင်းစွာ ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်ပါ သည်။ သတ္တုတွင်းတည်ဆောက်ချိန် နှင့် လက်ရှိ စီမံကိန်းလည်ပတ်မှု ကာလအတွင်း ဤ နိုင်ငံတော်စီမံကိန်း ၏ ဖြစ်ပေါ်လာနိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို ဝေမျှပေးရန် အတွက် ကျွန်တော်တို့၏ မနားမနေ ကြိုးပမ်းမှုများကို တွေ့မြင်နေရခြင်းကြောင့် လက်ပံတောင်း ဒေသခံ အသိုင်းအဝိုင်းက ကျွန်တော်တို့ (ဒေသဖွံ့ဖြိုးရေး) အသင်းအပေါ် အားပေးလက်ခံခဲ့သဖြင့် မယုံကြည်နိုင်စရာ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်းကို ကျွန်တော်တို့၏ ခိုင်မြဲသော လူမှုဆက်ဆံရေး မှ သက်သေထူနေပါသည်။ ကျွန်တော်တို့အနေဖြင့် အဆိုပါ လူမှုအဖွဲ့အစည်း၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်နေခြင်း ကြောင့်သော်လည်းကောင်း၊ ဆွေမျိုးရင်းခြာသဖွယ် ဖြစ်သော လက်ပံတောင်း ဒေသ မိသားစုနှင့် ခိုင်မြဲသော ရာသက်ပန် ဆက်ဆံရေးရှိနေခြင်းကြောင့် သော်လည်းကောင်း ကျွန်တော်တို့ အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

၃။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီ ၏ ဆောင်ရွက်ချက် အပြီးသတ်အစီရင်ခံစာအရ -

"လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည် ဖော်ဆောင်ရွက်မည့် ကော်မတီသည် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါ အကြံပြုချက် ၄၂ ချက်အပေါ် ၃၇ ချက် ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သဖြင့် အကြံပြုချက်များ ၏ ၈၈.၁၀ ရာခိုင်နှုန်းကို ဆောင်ရွက်ခဲ့ ပြီးဖြစ်ပါသည်။" ဆက်လက်ဆောင်ရွက်ရမည့် ၅ ချက်သည် မြေယာထောက်ပံ့ကြေးဆက်လက်ပေးရန်၊ Mine ပိတ်သိမ်းရေး အစီအမံကို သတ်မှတ်ကာလအပိုင်းအခြားအလိုက် မွမ်းမံပြင်ဆင်ပြီး Mine ပိတ်သိမ်းရေးကာလ တွင် စီမံချက် အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဒုတ္ထာမြေကျန်ရှိသည့်နေရာများ ဆက်လက်ဖယ်ရှင်း ရန်၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ၃ စောင်ကို ရရှိရန်၊ အလုပ်အကိုင်ခန့်ထားရေးနှင့် SME လုပ်ငန်းများ အတွက် စီမံချက်ချမှတ်ဆောင်ရွက်ရန် တို့ဖြစ်ပါသည်။ အဆိုပါ ၅ ချက် မှာ သတ္တုထုတ်လုပ်မှုလုပ်ငန်းစဉ် ကာလ တစ်လျှောက်လုံး စောင့်ကြည့် ကြပ်မတ် ဆောင်ရွက် သွားရမည့် လုပ်ငန်းများအဖြစ် ကျန်ရှိနေသည်ဖြစ်ပါသည်။ မြန်မာဝမ်ပေါင် ကြေးနီသတ္တုတူးဖော်ရေးကုမ္ပဏီ အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ဖြစ်သော ISO 14001:2015 ၊ ISO9001:2015 နှင့် OHSAS 18001:2007 တို့ကို ၂ဝ၁၆ ခုနှစ် နှစ်ကုန်တွင် ရရှိ ခဲ့ပြီး ဖြစ်ပါကြောင်း အထူးပင် ရှင်းလင်း ပြောကြားလိုပါသည်။ ထို့ပြင် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ အထိ မြန်မာဝမ်ပေါင်သည် မြန်မာဝန်ထမ်း စုစုပေါင်း (၃၂၃၆)ယောက်ကို အလုပ်အကိုင်ခန့်အပ်ထားလျက် ရှိပါသည်။


၎။ စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ အစီရင်ခံစာ အပိုဒ် ၈၇(ဆ)(၂) နှင့် ၉၄(က)(၃)တို့ အရ စီမံကိန်း ပတ်ဝန်းကျင်မြေလွတ် မြေလပ်များတွင် စိုက်ပျိုးနိုင်သောမြေ ဖြစ်အောင် ဖော်ထုတ်ပြုပြင်၍ လယ်ယာ မြေ ဆုံးရှုံးမှုများအတွက် အစားထိုးပြန်လည်ချထားပေးရန် အကြံပြုထားပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည် ဖော်ဆောင်ရွက် မည့် ကော်မတီသည် အစီရင်ခံစာပါ မြေလွတ်မြေရိုင်း ၁၉၀၀ ဧက အပေါ် မြေဆီလွှာကို စမ်းသပ်စစ်ဆေး ရာတွင် အဆိုပါ မြေသည် သစ်တောသစ်ပင်ထိန်းသိမ်းတောအဖြစ်သာ ထားရှိရန် သင့်လျော် သည်ဟု တွေ့ရှိပါသည်။ သို့ဖြစ်၍ စိုက်ပျိုးမြေဖော်ထုတ်ရေးအတွက် သင့်လျော်သည့်မြေနေရာအား ထပ်မံရှာဖွေခဲ့ရာ ဆားလင်းကြီး မြို့နယ် ဘုတ်စုကျေးရွာအနီး မြေလွတ် ၁၄၅ ဧက တွေ့ရှိခဲ့သဖြင့် စိုက်ပျိုးမြေဖြစ်အောင် ပြုပြင်ဆောင်ရွက် လျက်ရှိ ပါသည်။ ၄င်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့်ပတ်သက် သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည် ဖော် ဆောင်ရွက်မည့်ကော်မတီ နှင့် တိုင်း ဒေသကြီးအစိုးရ အဖွဲ့ ၏ ဦးဆောင်ညွန်ကြားမှုတို့ဖြင့် အောက်တွင် ကြေးနီ စီမံကိန်းသည် အကြီးစား စက်ယန္တရားများ စေလွှတ်ခြင်းဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ၁၄၅ ဧက မြေလွတ် မြေရိုင်းအား စိုက်ပျိုးနိုင်အောင် ပြုပြင်ခဲ့ပြီး ထိုနေရာတွင် စိုက်ပျိုးရန် စိတ်ဝင်စားသော မြေယာ နစ်နာသူ နည်းပါးသဖြင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ သည် အစီရင်ခံစာတွင် မပါရှိသော ညောင်ပြင်ကြီး မြစ်ရေတင် စီမံကိန်းကို ထပ်မံ ဆောက်လုပ် ဆောင်ရွက်ခဲ့ ကြပါသည်။ ၄င်းစီမံကိန်းဖြင့် ပတ်ဝန်းကျင်ကျေးရွာလူထုအတွက် စိုက် ဧက တိုးတက်ဖော်ထုတ်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး တစ်နှစ်လျှင် သီးထပ်သီးညှပ် စိုက်ပျိုးမည် ဆိုပါက စိုက်ပျိုးမြေ ဧက ၂၄၀၀ အထိ တိုးတက် စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။


နိဂုံးချုပ်အနေဖြင့် မြန်မာဝမ်ပေါင်အနေဖြင့် စီမံကိန်းနှင့် သက်ဆိုင်သူများ အားလုံး၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကိုအသိအမှတ်ပြုပါသော်လည်း အခြေအမြစ်မရှိသော၊ အများပြည်သူအနေဖြင့် အထင်အမြင် မှားစေနိုင်သော ၊ တာဝန်ယူမှု/တာဝန်ခံမှုလည်း မရှိသော ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိခိုက်လာစေ နိုင်သည့် အတုအယောင် ပြောဆိုချက်များအား ကျွန်တော်တို့အနေဖြင့် ရှုံ့ချပါသည်။

လက်ဆုပ်လက်ကိုင်မပြနိုင်သော အဆိုပါ ပြောဆိုမှုများသည် ဤ နိုင်ငံတော်စီမံကိန်း၏ မိသားစုများနှင့် ကျွန်တော် တို့၏ လူမှုအသိုင်းအဝိုင်းကို လှုံ့ဆော်မှုတစ်ရပ် ဖြစ်လာစေပြီး အနာတရ ဖြစ်လာစေသည့်အတွက် ရှောင်ကြဉ်ကြပါရန် ကျွန်တော်တို့အနေဖြင့်တိုက်တွန်းပါသည်။ အဖွဲ့အစည်းများအားလုံးနှင့် အထက်ပါ လက်ပံတောင်း အရေး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အနေဖြင့် နိုင်ငံတော်အတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော်အထိ ဖြစ်ထွန်းခဲ့ပြီးဖြစ်သော ဤ စီမံကိန်းနှင့် လက်ပံတောင်းတောင်ဒေသခံများ၏ အကောင်းဆုံး ဖြစ်မည့် အကျိုးစီးပွားကို ကြည့်ရှုပြီး ပြုမူကြပါရန် ကျွန်တော်တို့က လေးနက်စွာ တိုက်တွန်းအပ်ပါသည်။