English (United Kingdom)

Print

မြန်မာဝမ်ပေါင်မှ ရှင်းလင်းချက်ထုတ်ပြန်ခြင်း

Friday, 14 July 2017 11:46

၁၅-၇-၂ဝ၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ တရုတ်သံရုံး ရှေ့ ၌ ပြုလုပ်သော လက်ပံတောင်းအရေးတောင်းဆိုမှု ပါဝင်သည့် ဆန္ဒပြပွဲတစ်ခုကြောင့် ကုမ္ပဏီအပေါ် အများပြည်သူများ၏ သဘောထားအမြင်နှင့် အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာစေနိုင်ပါသဖြင့် ကျွန်တော်များ မြန်မာဝမ်ပေါင်အနေဖြင့် ပြန်လည်တုံ့ပြန်ရှင်းလင်းအပ်ပါသည်။


၁၅-၇-၂ဝ၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ တရုတ်သံရုံး ရှေ့ ၌ ပြုလုပ်သောဆန္ဒပြပွဲ တစ်ခုတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုမှု ပါဝင်ကြောင်း ကျွန်တော်တို့ ကုမ္ပဏီအနေဖြင့် ကြားသိရပါသည်။ အဆိုပါ ဆန္ဒပြပွဲတွင် "ကြေးနီစီမံကိန်းကို စတင်လုပ်ဆောင်သည်မှ စတင်၍ ယနေ့အချိန်ထိ ဒေသခံပြည်သူများ၏ မြေယာများကို သိမ်းပိုက်ခြင်း၊ တောင်သူများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ကြေးနီစီမံကိန်းသည် ယနေ့အထိ အစီရင်ခံစာ အချက်အလက်များကို လိုက်နာမှု မရှိသောကြောင့် ဖျက်သိမ်းပေးရေး " နှင့် "အစီရင်ခံစာတွင်ပါဝင်သော အစားထိုးမြေဧက ၁၉ဝဝ ကို ဖော်ထုတ် မပေးသော ကြေးနီစီမံကိန်း " ဟု ဆိုသော ဆန္ဒပြ ကြွေးကြော်သံ များဖြင့် အခြေအမြစ်မရှိဘဲ အများပြည်သူ ကို အထင်အမြင်လွဲမှားယုံကြည်လာစေရန် တစ်ဖက်သတ် စွပ်စွဲပြောဆိုခဲ့ကြပါသည်။