English (United Kingdom)

Print

သတင်းထုတ်ပြန်ချက်

မေလ ၆ ရက် (သောကြာနေ့)တွင် လူအင်အား ၆ဝ ခန့် ရှိသော ဆန္ဒပြ လူတစ်စုသည် သတ္တုတွင်းဧရိယာသို့ လာရောက်ပြီး ဤစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ ကိစ္စရပ်အားလုံးကို ဖြေရှင်းနိုင်မည့် အဓိက အချက်ဖြစ်ကြောင်း ကျွန်တော်တို့ မြန်မာဝမ်ပေါင်က ယုံကြည်ပါသည်။ အထူးသဖြင့်ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းအပြင် ဒေသခံ အသိုက်အဝန်းနှင့်ဆွေးနွေးညှိနှိုင်းခဲ့ခြင်းများကြောင့် ဤစီမံကိန်းကို လူမှုလက်ခံမှု ရရှိလာနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဤစီမံကိန်းအတွက် ကျွန်တော်တို့အား ဒေသခံအများစု၏ အားပေးထောက်ခံမှု ရရှိခဲ့သည်မှာ အကြောင်းရင်းများစွာ ရှိပါသည်။ အဓိက အကြောင်းရင်းတစ်ချက်မှာ ၂ဝ၁၃ ခု နှောင်းပိုင်းကတည်းက ဆောင်ရွက်လာခဲ့သော ဒေသခံ အသိုက်အဝန်း နှင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း များကြောင့် ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးညှိနှိုင်းရာတွင် လေးစားမှု၊ နားလည်မှုနှင့် ပွင့်လင်းမှုအပေါ် အခြေခံကာ ဆောင်ရွက်ခဲ့သဖြင့် ကျွန်တော်တို့နှင့် ဒေသခံအသိုက်အဝန်းတို့အကြား အထူးကောင်းမွန်သော ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင် ဒုတိယအကြိမ် မြေယာ ထောက်ပံ့ကြေးငွေကို မြေယာဆုံးရှုံးရသူများ၏ (၇၁) ရာခိုင်နှုန်းက လက်ခံခဲ့ခြင်း၊ မြေယာ ထောက်ပံ့ကြေးငွေကို လက်ခံရန် ဆွေးနွေးခဲ့သောရွာပေါင်း ၃၅ ရွာ ၏ ၈၃ ရာခိုင်နှုန်းက (အလုပ်စောင့်ဆိုင်းကာလ) ထောက်ပံ့ငွေ ကို လက်ခံခဲ့ခြင်းများဖြင့် ကျွန်တော်တို့ အနေနှင့် ဒေသခံများ၏ လူမှုရေးဆိုင်ရာ သဘောတူညီမှု ပြန်လည် ရရှိခဲ့ပါသည်။ အနည်းငယ်မျှသော လူနည်းစု တစ်စုကသာ ဤ စီမံကိန်းကို ဆက်လက် ဆန့်ကျင်နေဆဲ ဖြစ်ကာ ကျွန်တော်တို့ အနေဖြင့် ကြိုးပမ်းမှုများပြုလုပ်ခဲ့ပါသော်လည်း စေ့စပ်ညှိနှိုင်းရန်အတွက် ငြင်းဆိုနေကြခြင်း ဖြစ်ပါသည်။ အကယ်၍သာ အဆိုပါသူများအနေဖြင့် ကျွန်တော်တို့နှင့် အမှန်အကန် တွေ့ဆုံဆွေးနွေးခြင်း ကို လက်ခံလာပါလျှင် ကျွန်တော်တို့အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအတိုင်း မြေယာ ထောက်ပံ့ကြေးငွေကိစ္စ၊ အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေကိစ္စ၊ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ထိန်းသိမ်းရေးကိစ္စ၊ အလုပ်အကိုင်ဖန်တီးရေးကိစ္စ၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် မည်မျှ အလေးထားပြီး လိုက်နာဆောင်ရွက်နေကြောင်းကို သိရှိလာပါလိမ့်မည်။ အနည်းငယ်သော လူစုက သူတို့၏ အမြင်များအပေါ် လူထုအာရုံစိုက်မှုရရှိစေရန် ပျက်စီးရာပျက်စီးကြောင်းနှင့် အမျက်ဒေါသဖြင့် ရှုမြင်နေကြသည်ကို ကျွန်တော်တို့အနေဖြင့် ဝမ်းနည်းရပါသည်။

မြန်မာဝမ်ပေါင်အနေဖြင့် အစဉ်တစိုက်အားဖြင့် လူမှုဝန်းကျင်သဟဇာတဖြစ်မှုနှင့် ရေရှည် ထိန်းသိမ်းနိုင်မည့် တိုးတက်ဖွံ့ဖြိုးရေးကို ရရှိစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်ပေးထားပြီးဖြစ်ပါသည်။ အဆိုပါ ဆန္ဒပြအဖွဲ့ အပေါ်ကိုလည်း ဒေသခံအများစု၏ သဘောထားကို ဆန့်ကျင်နေခဲ့လျှင်တောင်မှ ငြိမ်းချမ်းစွာ ပြုလုပ်ကြပါရန်လည်း ကျွန်တော်တို့မှ တောင်းဆိုအပ်ပါသည်။ တာဝန်ယူမှု/တာဝန်ခံမှု အပြည့်ဖြင့် ထိန်းထိန်းသိမ်းသိမ်းလိုက်နာကျင့်သုံးပါရန် ကျွန်တော်တို့က အစုအဖွဲ့အားလုံးတို့ အပေါ် တိုက်တွန်းပါသည်။ ဤသတ္တုတွင်းသည် မြန်မာပြည်၏ အဓိက အမျိုးသားစီမံကိန်းတစ်ခု ဖြစ်ပြီး ကျွန်တော်တို့ အားလုံးက မြန်မာပြည်အတွက် အလားအလာကောင်းများ ဖြစ်ထွန်းစေရန် အတူတကွ ကြိုးစား ကူညီ လုပ်ဆောင် သွားရမည်ဖြစ်ပါသည်။ ကျွန်တော်တို့သည် အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းခြင်းများကိုယုံကြည်ပါသည် ။   နိုင်ငံတော်စီမံကိန်းတစ်ခု ဖြစ်သည်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သည်ဖြစ်သဖြင့် ကျွန်တော်တို့ နှင့် ဒေသခံအများစုက ဤစီမံကိန်း အောင်မြင်စေရန်နှင့် အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် ကျွန်တော်တို့၏ သဘောထားဆန္ဒကို အတူတကွ မျှဝေလိုက်ပါသည်။