English (United Kingdom)

“အလုပ်စောင့်ဆိုင်းကာလ ထောက်ပံငွေပေးအပ်ခြင်း”ကို ဆက်လက်ဆောင်ရွက်ရာ ထောက်ပံ့ကြေး ငွေကျပ် (၁၂ဝဝ)သိန်းကျော်ကို ထုတ်ပေးထားပြီးဖြစ်

contributionအလုပ်ခန့်ထားရန် စောင့်ဆိုင်းကာလ ထောက်ပံ့ငွေပေးအပ်သည့် အစီအစဉ်ကို စတင်ဆောင်ရွက်သည့် အချိန်မှ စ၍ လက်ရှိအချိန်အထိ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော မြေပိုင်ရှင်များအကြား စုစုပေါင်း (၇၆၄)ဦးအား ၎င်းထောက်ပံ့ကြေး ခံစားနိုင်ရန် ဘဏ်စာအုပ်ဖွင့်လှစ်ပေးထားပြီးဖြစ်ပါသည်။

ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၁,၂၃၁,၅၆၉,၁၄ဝ)တိတိကို ကုမ္ပဏီမှ ထုတ်ပေးထားလျှက်ရှိပါသည်။


ဤ ထောက်ပံ့ငွေ အစီအစဉ်အရ သက်ဆိုင်ရာ မြေပိုင်ရှင်သည် မြန်မာဝမ်ပေါင်မှ ရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းအပေါ်မူတည်၍ အလုပ်ခန့်ထားရန် စောင့်ဆိုင်းဆဲကာလတွင် လစဉ် အမေရိကန်ဒေါ်လာ (၇ဝ) မှ (၁၆ဝ)အထိ ခံစားခွင့်ရှိကြောင်း သတ်မှတ်ထားပါသည်။
အဆိုပါထောက်ပံ့မည့်ကမ်းလှမ်းချက်ကို အကောင်အထည်ဖော်ဆောင်ရန်အတွက် ကုမ္ပဏီသည် အိမ်တိုင်ရာရောက် လှည့်လည် တွေ့ဆုံဆွေးနွေးခြင်းဖြင့် သက်ဆိုင်ရာ မြေယာပိုင်ရှင်များ၏ သဘောထားဆန္ဒ ကိုကောက်ယူခဲ့ပါသည်။အများစုမှာ ဤကမ်းလှမ်းချက်အပေါ် သဘောတူထောက်ခံပါကြောင်း တွေ့မြင်နိုင်ပါသည်။