English (United Kingdom)

နယ်လှည့် အခမဲ့ ဆေးကုသရေးအဖွဲ့ သည် လူနာပေါင်း(၁၁ဝဝဝဝ)ကျော် ကုသပေးပြီး

mobileclinicမုံရွာကြေးနီစီမံကိန်း သက်ရောက်မှုရှိသော ကျေးရွာများအတွက် အခမဲ့ နယ်လှည့် ဆေးကုသပေးခြင်း လုပ်ငန်းများကို (၃)နှစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ခဲ့ရာတွင် ၂ဝ၁၅ ခု ဇူလိုင်လအထိ လူနာပေါင်း (၁၁ဝဝဝဝ) ကျော် အခမဲ့ ဆေးကုသပေးလျက်ရှိနေပါသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် လူနာ ဦးရေ စုစုပေါင်း(၃ဝဝဝ) နီးပါးခန့် ဆေးကုသပေးနေခြင်းလည်း ဖြစ်ပါသည်။


အဆိုပါ ရွာလှည့် အခမဲ့ဆေးကုသခြင်းလုပ်ငန်းကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီသည် Yangon International Clinic နှင့် ဆေးကုသခြင်းဆိုင်ရာ ဝန်ဆောင်မှု သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုထားပါသည်။ မြန်မာယန်စီ၏ မိုင်းမြို့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးသူငယ်များအတွက် အခမဲ့ ဆေးဝါးစောင့်ရှောက်မှု အစီအစဉ်များကို ဆောင်ရွက်ထားသည်။ထိုကဲ့သို့ ဆေးကုသပေးသည့်အပြင် ဒေသတွင်း ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးပညာပေးရန် ကုမ္ပဏီသည် ဆေးအဖွဲ့စေလွှတ်၍ ကျန်းမာရေးဟောပြောပွဲများ ကိုလည်း စီစဉ်ပြုလုပ်ပေးခဲ့ပါသည်။


ထိုအပြင် စီမံကိန်း ဝန်းကျင်ရှိ ဒေသခံများ အတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ ကျန်းမာရေး အဆင့်အတန်းပို၍မြင့်မားစေရန်နှင့် ဆေးဝါးစောင့်ရှောက်မှု မြှင့်တင်ပေးနိုင်ရန်အတွက် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ခုကို ကုမ္ပဏီမှ ငွေကျပ် (၄၂၅)သန်း အကုန်အကျခံ သုံးစွဲကာ ဆောက်လုပ်လှူဒါန်းပြီး ၂ဝ၁၄ခုနှစ်၊ ဇူလိုင်လတွင် ဒေသခံအစိုးရထံ လွှဲအပ်ခဲ့ပါသည်။