English (United Kingdom)

မြန်မာဝမ်ပေါင်မှ CSR အစီရင်ခံစာကို ထုတ်ပြန်

csr reportပြီးခဲ့သည့်၂ဝ၁၄ခုနှစ်တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများလုပ်ဆောင်သည့်အပြင် (CSR) လူမှုစီးပွားတာဝန်ယူမှုဆိုင်ရာ လူမှုရေးလုပ်ငန်းများ ထမ်းဆောင်ခဲ့ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

 


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းလာစေရေးအတွက် ဒေသခံ မိတ်ဆွေများ၏ အနီးကပ်ဆုံး အိမ်နီးချင်းတစ်ဦးအနေနှင့် ကုမ္ပဏီသည် Community and Social Development (CSD) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နှစ်စဉ်CSD ကမ်းလှမ်းချက်များ ကို ရေးဆွဲပြုစုပြီး တိကျစွာအကောင်အထည်ဖော်ခြင်းဖြင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လူနေမှုအဆင့် အတန်း ပို၍မြင့်မားလာစေရန် ရည်ရွယ်ထားပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဤကြေးနီလုပ်ငန်းမှနေ၍ ကျွန်တော်တို့သည် အလုပ်အကိုင်အခွင့်အလမ်းများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ၊ စာသင်ကျောင်းများနှင့် ဆေးရုံ အစရှိသည့် အခြေခံအဆောက်အအုံများ ကို တတ်နိုင်သမျှ ဖန်တီးပေးနိုင်ရန်လည်း ကျွန်တော်တို့က ရည်မှန်းချက်ပန်းတိုင် ထားရှိသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားခြင်းကို သဘောတူထောက်ခံ၍ စီမံကိန်းနှင့်သက်ဆိုင်သော တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားပါမည်။

 

pdf