English (United Kingdom)

သတ္တုတွင်းလုပ်ငန်းခွင်အနီး လမ်းမပေါ်၌ ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ တိုက်ခိုက်ခံခဲ့ရ

1၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကျွန်တော်တို့ ကုမ္ပဏီမှ ဝန်ထမ်းကြိုပို့ယာဉ်မှာ ရွှေလှေ နှင့် တုံ ရွာတို့ အကြားရှိ လမ်းမကြီးတွင် မောင်းနှင်နေခဲ့သည်။ မြန်မာဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များကို တင်ဆောင်၍ ဆည်တဲနှင့် ဇီးတော ရွာသစ်များသို့ ၄င်းတို့အား အိမ်ပြန်ပို့ဆောင်ပေးခြင်းပင် ဖြစ်ပါသည်။ ည(၆း၁၅)ခန့် အချိန်တွင် အဆိုပါလမ်းမပေါ်၌ အမည်မသိ လူ(၃ဝ) ခန့် ရှိ အုပ်စုကြောင့် ဝန်ထမ်းကြိုပို့ယာဉ်အား တားဆီးရပ်တန့်စေခဲ့ပါသည်။အဆိုပါ လူအုပ်စုသည် ကြိုပို့ယာဉ်အား ကျောက်ခဲများဖြင့် ယာဉ်ပြတင်းပေါက်များအား ပစ်ပေါက်ရိုက်ခွဲခြင်း၊တိုက်ခိုက်ခြင်းအား မပြုမီ ရှေးဦးစွာ ယာဉ်ပေါ်ပါ ခရီးသည်များနှင့် ယာဉ်မောင်းအား ခြိမ်းခြောက်ပြောဆိုခြင်းများရှိလာပါသည်။ ထို့နောက် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် (ယာဉ်မောင်းဖြစ်သူနှင့် ငွေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ) ကျွန်တော်တို့ ကုမ္ပဏီ ဝန်ထမ်း လုပ်ဖော်ကိုင်ဖက် နှစ်ဦး မှာ မှန်ကွဲမှန်စများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူရန်လိုအပ်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

ထို့နောက် ကြိုပို့ယာဉ်အား တိုက်ခိုက်သူများမှာ ကုမ္ပဏီဝန်ထမ်းများအား ယာဉ်ပေါ်မှ ဆင်းရန် အတင်းအကြပ်ဖိအားပေးခဲ့ပြီးနောက် ဝန်ထမ်းများအား ထိန်းချုပ်ထားခဲ့ပါသည်။နောက်ဆုံးတွင် ရွှေလှေရွာမှ ဒေသခံအချို့မှာ ကုမ္ပဏီဝန်ထမ်းများအား ကယ်ဆယ်ရန် ရောက်ရှိလာခဲ့ပြီး ဝန်ထမ်းအချို့အား မော်တော်ဆိုင်ကယ်များဖြင့် အိမ်ပြန်ပို့ပေးခြင်းများရှိခဲ့ပါသည်။ဝန်ထမ်းအချို့မှာလည်း အစားထိုး ယာဉ် ရောက်ရှိလာသည့် အချိန်အထိ စောင့်ဆိုင်းခဲ့ရသည်။ဝန်ထမ်းတစ်ဦးမှာ အဆိုပါဖြစ်စဉ်အပေါ် ထိတ်လန့်ကြောက်ရွံ့ခြင်း (ရှော့ခ်ရရှိခဲ့ခြင်း)ကြောင့် အိမ်ပြန်ရန် ကြောက်ရွံ့နေသဖြင့် ညအခါတွင် အခြားတစ်နေရာ၌ အိပ်စက်စေခဲ့ရပါသည်။

 

 

ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုး၏ ဝင်ရောက်ဖြန်ဖြေပေးမှုဖြင့် တိုက်ခိုက်သူများသည် ကြိုပို့ယာဉ်အား ပြန်လည် လွှတ်ပေးခဲ့ပြီး လူစုကွဲခဲ့ပါသည်။

2

ကျွန်တော်တို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ကုမ္ပဏီဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအား အထူးဂရုစိုက်ထားသလို ကျွန်တော်တို့ မြန်မာဝမ်ပေါင်အနေဖြင့် ဤကဲ့သို့ ဆင်ခြင်တုံတရားကင်းမဲ့စွာ တိုက်ခိုက်မှုများအား အပြင်းအထန်ရှုတ်ချပါသည်။ စိတ်မကောင်းလည်း ဖြစ်မိပါသည်။ ကျွန်တော်တို့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ  ဒေသများသည် ဘေးကင်းလုံခြုံမှုအား ခံစားရမိနေသဖြင့်

ဆက်လက်၍လည်း ခံစားရလိုပါသည်။ဤ တိုက်ခိုက်မှုဖြစ်စဉ်မှာ လူနှင့် ယာဉ် အသွားအလာများသော လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပုံမှန်အားဖြင့် ဤကဲ့သို့ အကြမ်းဖက်မှုများ ဖြစ်ပွားလိမ့်မည်ဟုပင် မထင်မှတ်ခဲ့ပါ။ ချစ်ခင်နှစ်သက်ဖွယ်ဖြစ်သည့် မြန်မာပြည်၏ ဤ လက်ပံတောင်းဒေသတွင် ကျွန်တော်တို့၏ ဒေသခံ အများစုမှာ ငြိမ်းချမ်းရေးကို ချစ်ခင်နှစ်သက်ကြသူများဖြစ်ကြောင်းနှင့် ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအကြမ်းဖက်ခံရမှု ဖြစ်စဉ်အပေါ်ကိုလည်း ရှုတ်ချကြကြောင်း ကျွန်တော်တို့ သိပါသည်။ တမြန်နေ့က ရွာများရှိ ဒေသခံအများအပြားမှာ ကျွန်တော်တို့အား ကူညီပံ့ပိုးရန် ပါဝင်ပေးခဲ့ကြပြီး ဤကဲ့သို့ ဆိုးရွားသည့် အပြုအမူများအပေါ် ဝေဖန်ရှုတ်ချလျှက် ရှိသည်ဟု သူတို့၏ ပြောစကားများနှင့် ထိတွေ့မှုများမှ ခံစားသိရှိခဲ့ရပါသည်။ ကျွန်တော်တို့သည် ဤအကြောင်းရာနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအာဏာပိုင်များကိုလည်း တင်ပြထားပြီးဖြစ်ပါသည်။ ဝင်ရောက်ဖြန်ဖြေပေးခဲ့သော ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ရှိပါသည်။ နိဂုံးအနေဖြင့် ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ အိမ်ပြန်နိုင်ရေးအတွက် ကူညီပေးခဲ့ကြသည့် ရွှေလှေရွာမှ ပုဂ္ဂိုလ်တစ်ဦးခြင်းစီအား ကျွန်တော်တို့မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။