English (United Kingdom)

မကြာခင်က ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ နောက်ဆုံးရသတင်း

မနေ့က ကျွန်တော်တို့ လက်ပံတောင်းဒေသ၏ ကျေးရွာ မိသားစုမှ ဒေါ်ခင်ဝင်း ဒဏ်ရာရ သေဆုံးခဲ့ကြောင်းသိရသဖြင့် ကာယကံရှင်မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။


ယမန်နေ့၏ ကြေကွဲဖွယ်ရာ သတင်းများအပြီး အဆိုပါ အခြေအနေ အရပ်ရပ်သည် ယခုအချိန်တွင် ပိုမိုအေးဆေးတည်ငြိမ်လာသည်ကို ကျွန်တော်တို့ သိရှိလာပါသည်။


ဝမ်ပေါင်မှ ဝန်ထမ်းများသည် တုတ်၊ဓားများ ကိုင်ဆောင်၍ ဒေသခံရွာသားများအား ရိုက်နှက်ကြသည်ဟု လူမှုကွန်ယက်များမှ တစ်ဆင့် သတင်းလွှင့်ကြသည်ကို ကြားသိရသဖြင့် ကျွန်တော်တို့ တုန်လှုပ်ခဲ့ရပါသည်။ထို့အပြင် ကျွန်တော်တို့မှ တရုတ်လုံခြုံရေးဝန်ထမ်းများပါ ထည့်သွင်း အသုံးပြုခဲ့သည်ဟူ၍လည်း ဖော်ပြကြပါသည်။ အဆိုပါ ထုတ်လွှင့်ချက်များသည် လုံးဝမှန်ကန်မှု မရှိဘဲ ကျွန်တော်တို့အား စိတ်ထိခိုက်မှု ဖြစ်ပေါ်စေခဲ့သည်။ ဝမ်ပေါင်ဝန်ထမ်းများနှင့် လုပ်ငန်း ကန်ထရိုက်တာ များသည် အကြမ်းဖက်ဆန္ဒပြသူများ၏ ခြိမ်းခြောက်ခြင်း၊ရိုက်နှက်ခြင်း၊ ဟန့်တားနှောက်ယှက်ခြင်း များအား မိမိတို့ လုပ်ငန်းများဆောင်ရွက်ချိန်တိုင်း ခံခဲ့ရပါသည်။အဆိုပါ ဖော်ပြချက်များသည် လက်ပံတောင်းဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေရုံသာမက လွန်ခဲ့သော (၂)ရက်က ကြေကွဲဖွယ်ရာ ဖြစ်ရပ်များအပေါ် အသုံးချပြီး ကျွန်တော်တို့နှင့် ဒေသခံလူမှုအဖွဲ့အစည်းများအကြား ထားရှိသော ယုံကြည်မှုကို ပျက်ပြားစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ အမြတ်ထုတ်လိုသော လူတစ်စုပေါ်ပေါက်လာခဲ့ပါသည်။


ကျွန်တော်များသိရှိထားသည်မှာ ကျွန်တော်တို့နှင့် မိတ်ဆွေ၊မိသားစုရင်းခြားပမာ ဖြစ်လာကြသော ဒေသခံလူမှုအဖွဲ့အစည်း၏ အများစုသော ရွာသူရွာသားများသည် ကျွန်တော်တို့ ဝန်ထမ်းများနှင့်ဆန့်ကျင်၍ အကြမ်းဖက်ဆူပူမှုတွင် ပါဝင်ကြမည်မဟုတ်ပါ။ အမှန်တွင် ကျွန်တော်တို့၏ ဒေသခံလူမှုအဖွဲ့အစည်းမှာ ယခုကဲ့သို့သော အပြုအမူများကို ဆန့်ကျင်၍ ကန့်ကွက်ကြသလို ဤသို့သော နှောင့်ယှက်အကြမ်းဖက်မှုများ လုပ်ဆောင်ကြသည့် ပြင်ပအစွန်းရောက်သူများအားလည်း ရှုတ်ချကြပါသည်။


ဝမ်ပေါင်ကုမ္ပဏီသည် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခြင်းဖြင့် လူမှုအဖွဲ့အစည်းနှင့် မြန်မာ တစ်နိုင်ငံလုံးအတွက် အမြင့်ဆုံး ပိုမိုတိုးတက်ဖွံ့ဖြိုးမှုရရှိလာစေရန် အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်သွားပါမည်ဖြစ်ပါသည်။


နှစ်ဖက် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာလျှင် တည်ငြိမ်အေးချမ်းမှုနှင့် ရေရှည်တည်တံ့သော အကျိုးစီးပွားများကို ရရှိအောင်မြင်စေနိုင်မည်ဖြစ်ပါကြောင်း ကျွန်တော်တို့မှ ထပ်လောင်း ပြောကြားအပ်ပါသည်။

 

(ကျွန်တော်တို့ ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်များနှင့် စပ်လျဉ်း၍  မြန်မာစာ စကားလုံးအသုံးအနှုံးများအပေါ် အငြင်းပွားဖွယ်ရာများ ရှိလာခဲ့ပါက ကျေးဇူးပြု၍ မူရင်းအင်္ဂလိပ်စာသားများကိုသာ အတည်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)