English (United Kingdom)

လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအား ဝမ်ပေါင်မှ ပံ့ပိုးပေးခြင်း

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မြန်မာ ဝမ်ပေါင်ကြေးနီသတ္တုတူးဖော်ရေးလီမိတက် (မြန်မာဝမ်ပေါင်) ၏ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံထားမှုများ၏ အကျိုးသက်ရောက်မှုများမှာ လက်ဆုပ်လက်ကိုင် ပြနိုင်ပါသည်။ မြန်မာဝမ်ပေါင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ နှင့် မြန်မာနိုင်ငံမှ အကျိုးတူစီးပွားဖက်များဖြစ်သည့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တို့နှင့်အတူ မြန်မာ့ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များဖြစ်သော "ဆင်းရဲမှု လျော့ချရေး" "ကြီးပွားဖွံ့ဖြိုးလာမှု" နှင့် "လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှု" များနှင့်အညီ လူမှုအဖွဲ့အစည်း၏ ပဏာမ ခြေလှမ်းနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ထားပါသည်။


မြန်မာဝမ်ပေါင်သည် လူမှုအဖွဲ့အစည်းအား ကတိကဝတ်ပြုထားသည့်အတိုင်း ကုမ္ပဏီ၏ လုပ်ဆောင်ပေးမှု များက လက်ပံတောင်းဒေသရှိ ဒေသခံများ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ သတ္တုတူးဖော်ရေး လုပ်ငန်းသည် မိမိထိန်းချုပ်နိုင်မှု ပြင်ပရှိ လုပ်ငန်းရပ်ဆိုင်းစေသည့် ကိစ္စရပ်များကြောင့် လုပ်ငန်းလည်ပတ်ခြင်း မပြုလုပ်နိုင်လင့်ကစား လုပ်ပေးနိုင်သော လုပ်ငန်းတိုင်းတွင် ဒေသခံများအား လက်လှမ်းမီသရွေ့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့သည်ကို ဒေသခံပြည်သူများ မြင်တွေ့ပြီးဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင် ဒေသရှိ လူဦးရေ အများစုသည် စီမံကိန်းကို အပြည့်အဝ ကူညီထောက်ခံကြခြင်းဖြစ်ပါသည်။

 

မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေး


စီမံကိန်းဧရိယာတွင် မြေယာဆုံးရှုံးခံရသော ဒေသခံများအား လက်ပံတောင်းတောင်စီမံကိန်း၏ အကျိုးတူစီးပွားဖက်များ သည် မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေးများကို ၂ဝ၁၁ ခုနှစ်ကတည်းက သုံးကြိမ်တိုင် ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေးအတွက် မြန်မာနိုင်ငံ ဥပဒေနှင့် ဒေသ မြေယာပေါက်ဈေး ကာလတန်ဖိုးအပေါ် အခြေခံပြီး နိုင်ငံတော် အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ မြေယာအမျိုးအစားပေါ် မူတည်၍ မြေယာလျော်ကြေးငွေ နှင့် ထောက်ပံ့ကြေး သုံးကြိမ် စုစုပေါင်း တန်ဖိုးမှာ တစ်ဧကလျှင် ကျပ် (၁,၈၂၅,ဝဝဝ) မှ (၃,၂၅ဝ,ဝဝဝ) အတွင်း ရှိပါသည်။ လျော်ကြေးငွေ နှင့် ပထမအကြိမ် ထောက်ပံ့ကြေးကို မြေယာဆုံးရှုံးရသူများမှာ ရာနှုန်းပြည့် ထုတ်ယူခဲ့ပါသည်။ ဒေသခံအများစုသည် မိမိပိုင် မြေယာများကို စီမံကိန်းသို့ ပေးအပ်ရန် ဆန္ဒရှိကြသောကြောင့် မြေယာဆုံးရှုံးခံရသူများ၏ ၆၆% သည် ဒုတိယအကြိမ် ထောက်ပံ့ကြေးများ ထုတ်ယူခဲ့ကြသည်။

 

 

အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေပေးအပ်ခြင်း


မြန်မာဝမ်ပေါင်သည် တရားဥပဒေအရ လိုအပ်သော တာဝန်များအား ကျေပွန်စွာ အပြည့်အဝ ထမ်းဆောင်ခဲ့သလို လျော်ကြေးနှင့် ထောက်ပံ့ကြေးများအား ပေးနေဆဲဖြစ်ပြီး၊ ကုမ္ပဏီမှ ဒေသခံလူမှုအဖွဲ့အစည်း၏ အသက်မွေး ဝမ်းကျောင်းမှုနှင့် ဖူလုံမှုအတွက် ရေရှည်တွင် လုံခြုံစိတ်ချရအောင် ထပ်မံလုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လမှ စတင်၍ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ အကျိုးတူစီးပွားဖက်များနှင့်အတူ မြန်မာအစိုးရ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြေယာဆုံးရှုံးသူများအား ဆုံးရှုံးခဲ့ရသည့် မြေယာပမာဏအလိုက် အလုပ်ခန့်အပ်ပေးရမည့် အရေအတွက်ပေါ် မူတည်၍ (တစ်လလျှင် US$ 70 နှင့် US$ 160 အကြား) နှစ်စဉ် ထောက်ပံ့ကူညီသော ငွေကြေးများကို ဖန်တီးပေးထားခဲ့ပါသည်။ မြန်မာဝမ်ပေါင်သည် မြေယာဆုံးရှုံးသူများအား အလုပ်ခန့်အပ်ပေးရန် ကနဦး ကတိကဝတ်ထားရှိခဲ့သည်။ (စီမံကိန်းကို ပေးအပ်သော မြေယာပမာဏအပေါ် မူတည်၍ အလုပ်အရေအတွက် ခန့်အပ်ပေးပါသည်)

သို့သော်လည်း ကုမ္ပဏီသည် မိမိကြောင့် မဟုတ်ဘဲ လုပ်ငန်းရပ်ဆိုင်းထားရသဖြင့် အလုပ်ခန့်ထားရန် မပံ့ပိုးနိုင်ခဲ့ပါ။ ထိုအတွက်ကြောင့် အလုပ်အကိုင် ပေါ်ပေါက်လာသည်အထိ ၆ လ ကြာတိုင်း ပုံမှန်ငွေသား ပေးအပ်ခြင်းဖြင့် ထောက်ပံ့ကူညီပေးခဲ့ပါသည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် မြန်မာဝမ်ပေါင်တွင် ပေါ်ပေါက်လာမည့် အလုပ်အကိုင်အား စောင့်စားနေရစဉ်တွင် ၎င်းတို့၏ အခြေခံအသက်မွေး ဝမ်းကျောင်းမှု လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ပြီး မြေယာဆုံးရှုံးရသူများကို စိတ်သက်သာရာ ရစေပါသည်။ ဤ ကိစ္စရပ်အား ဒေသခံများ၏ ပါဝင်ပူးပေါင်းမှု နှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးမှုများဖြင့် လုပ်ဆောင်ခဲ့ပါသည်။ လ နှင့် ချီ၍ တစ်အိမ်တက်ဆင်း မကြုံစဖူး ကျယ်ပြန့်စွာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းများလည်း ရှိခဲ့ပါသည်။ ကျေးရွာ (၂၇) ရွာ၏ ဒေသခံ ပြည်သူ ၉၁% ကျော်သည် ထောက်ပံ့ကူညီသော အစီအမံကို တစ်အိမ်တက်ဆင်း တွေ့ဆုံဆွေးနွေးခြင်းအား အထောက်အကူပြုရန် ညှိနှိုင်း ဆောင်ရွက်ကြပြီး စီမံကိန်းဧရိယာ၏ မြေယာဆုံးရှုံးသူအားလုံး၏ ၇ဝ% ကျော်သည်လည်း ဤအစီအမံအား သဘောတူ လက်ခံကြပါသည်။ ဤ အရေအတွက်သည် သတ္တုတွင်းစီမံကိန်း၏ အများစု လက်ခံရန်အတွက် လိုအပ်ချက်များထက် သာလွန်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံး အလေ့ အကျင့်တစ်ရပ်အဖြစ် လက်ခံစဉ်းစားထား ပါသည်။ ကျွန်တော်တို့သည် ဒေသတွင်းရှိ ဘဏ်များတွင် ဒေသခံများအား ငွေစုဘဏ်စာအုပ် လုပ်ပေးထားခြင်းဖြင့် ထောက်ပံ့ငွေများကို ၎င်းတို့၏ ငွေစုဘဏ်စာရင်းသို့ တိုက်ရိုက် လက်ခံရရှိစေပါသည်။


လူမှုအဖွဲ့အစည်း နှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ


မြန်မာဝမ်ပေါင်သည် နိုင်ငံတော်အစိုးရ၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် မြေယာဆုံးရှုံးသူများ၏ အခြေခံအသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးသလို ဒေသတွင်း လူမှုအဖွဲ့အစည်း နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ပါသည်။ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေဖူလုံရေး၊ စာသင်ကျောင်းများ၊ မူကြိုကျောင်းများ တည်ဆောက်ပေးခြင်း၊ ကျောင်းများ နှင့် မူလတန်းကြိုကျောင်း အဆောက်အအုံများသို့ သွားသည့်လမ်းများ ပြုပြင်ဖောက်လုပ်ပေးခြင်း၊ ပညာသင်ဆု နှင့် အခမဲ့ ဆေးဝါးကုသသည့် ဝန်ဆောင်မှုပေးခြင်း အစရှိသော လူနေမှုဘဝ မြှင့်တင်ရန် လူမှုအဖွဲ့အစည်း နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုးစုံကိုလည်း ဆောင်ရွက်ထားပါသည်။ သတ္တုတွင်းကုမ္ပဏီသည် ဒေသခံပြည်သူ (၁၂,ဝဝဝ) အား နိုင်ငံတော်ပိုင်လျှပ်စစ်ကွန်ယက် မဟာဓာတ်အား လိုင်းကြီးများနှင့် ချိတ်ဆက် ပေးထားခြင်းဖြင့် ထောင်ပေါင်းများစွာသော လူထုအား လျှပ်စစ်ဓာတ်အားချို့တဲ့မှုမှ ကင်းဝေးစေပါသည်။ ယခုနှစ် နှစ်ကုန် တွင် ကုမ္ပဏီ၏ သောက်သုံးရေ စီမံကိန်းကြောင့် ဒေသခံ (၅,ဝဝဝ) ကျော်သည် သန့်ရှင်းသော သောက်သုံးရေ ရရှိလာပါမည်။ စီမံကိန်းဒေသ ဝန်းကျင်ရှိ ကျေးရွာပေါင်း (၅ဝ) မှ လူနာ (၈ဝ,ဝဝဝ) ကျော်ကို နယ်လှည့် ဆေးကုသရေး အဖွဲ့မှ အခမဲ့ဆေးဝါး ကုသမှုပေးခဲ့ပြီး ကျောင်းသား (၁,၂ဝဝ) ကျော်မှာလည်း ကုမ္ပဏီမှ ဆောက်လုပ်ပေးသော စာသင်ကျောင်းများတွင် အေးချမ်းစွာ စာသင်ကြားနေနိုင်ပြီဖြစ်ပါသည်။ ၎င်းအပြင် လွန်ခဲ့သော (၂) နှစ်က ကျပ်သန်းပေါင်း (၈၂) သန်းကို တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ်ကျောင်းသား (၁,ဝဝဝ) ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခဲ့ပါသည်။ ဤ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံပေးခြင်းသည် ဒေသခံ လူမှုအဖွဲ့အစည်း များနှင့် ညှိနှိုင်းဆွေးနွေးရာမှ စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

အပြန်အလှန် ပေါင်းကူးဆက်သွယ်မှု= အသေးစား နှင့် အလတ်စားလုပ်ငန်းများ နှင့် ဒေသတွင်း ပစ္စည်းဝယ်ယူခြင်း


မြန်မာဝမ်ပေါင်သည် သတ္တုတွင်းမှ အပြန်အလှန် ပေါင်းကူးဆက်ဆံခြင်းကို ဖန်တီးပေးခြင်းအားဖြင့် ဒေသခံလူမှုအဖွဲ့အစည်းများတွင် စက်မှုလုပ်ငန်း မျိုးစေ့များ ချပေးနေပါသည်။ ဒေသခံလူမှုအဖွဲ့အစည်းများတွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်သော အသေးစား နှင့် အလတ်စား လုပ်ငန်းများကို ပြုစုပျိုးထောင်ပေးနေပါသည်။ ဤသို့ ဖန်တီး ပေးခြင်းဖြင့် အလုပ်အကိုင် အသစ်များရရှိခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ပင်ကိုယ်အရည်အသွေးများကို ပြုစုပျိုးထောင် ပေးခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု ရရှိလာခြင်း နှင့် လူမှုအဖွဲ့အစည်းအား အကျိုးပြုမည့် ကျွမ်းကျင် လိမ္မာမှုများ သိရှိလာခြင်းများ အပြင် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း ထောက်ကူပေးသွားပါသည်။ အရှေ့တောင် အာရှနိုင်ငံများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပါ "အသေးစား နှင့် အလတ်စား လုပ်ငန်းများကို ပြုစုပျိုးထောင်ပေးခြင်းသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လမ်းကြောင်းဖြစ်သည်" ဟူသည့် အဆိုကို မြန်မာဝမ်ပေါင်မှ ကုမ္ပဏီခေါင်းဆောင်များက အပြည့်အဝ ထောက်ခံ သဘောတူပါသည်။ အသေးစား နှင့် အလတ်စားလုပ်ငန်းများကို ကျကျနန ပြုစုပျိုးထောင်ပြီး ပံ့ပိုးပေးပါက စီးပွားရေး လုံခြုံစိတ်ချရမှု၊ ဟန်ချက်ညီညီ တိုးတက်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်လာမှု တို့၏ ရင်းမြစ် ဖြစ်လာနိုင်ကြောင်း ကုမ္ပဏီမှ ယုံကြည်ပါသည်။
ထိုကြောင့် အစားအစာ (လယ်ယာစိုက်ပျိုးရေးဆိုင်ရာ)၊ သယ်ယူပို့ဆောင်ရေး နှင့် ဆောက်လုပ်ရေး ကဏ္ဍများ၌ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် အကျိုးသက်ရောက်မှုခံရသော ဒေသခံများအား ပံ့ပိုးကူညီပါသည်။ အဆိုပါ လုပ်ငန်းများသည်လည်း ကုမ္ပဏီ၏ အထောက်အပံ့ဖြင့် ရှင်သန်ကြီးထွားလာပါမည်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း ကျေးရွာ ကန်ထရိုက်တာများတွင် ကုန်တင်ကား (၂၆)စီး ရှိထားပြီး အခြားသော လုပ်ငန်းရှင်များ နှင့် လုပ်ငန်းစတင် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ဒေသခံ ပြည်သူများသည် အုတ်ဖုတ်စက်၊ ကွန်ကရစ်ပိုက်လုံး စက်ရုံ၊ ပုံလောင်းထားသော ကွန်ကရစ်တုံးစက်ရုံ နှင့် အခြားအခြားသော လုပ်ငန်းများကိုလည်း ထူထောင်ထားပြီး ဖြစ်ပါသည်။ ဝမ်ပေါင်သည် အသေးစား နှင့် အလတ်စားလုပ်ငန်းများ ကို ရည်မှန်းထားသော ဝယ်ယူမှုပမာဏ၊ အဆောက်အအုံ နှင့် အခြားသက်ဆိုင်သော အကြံဥာဏ်များကို ပြုစုပျိုး ထောင်သွားပေးသွားရန် ကတိကဝတ်ပြုထားပါသည်။


ဘဏ္ဍာရေးဆိုင်ရာ ပေါင်းကူးဆက်သွယ်မှု = တိုင်းပြည်နှင့် ဒေသခံလူမှုအဖွဲ့အစည်းများအတွက် ရေရှည် အကျိုးအမြတ်


မြန်မာဝမ်ပေါင်သည် စီမံကိန်းသက်တမ်း ကာလတစ်လျောက်လုံးတွင် ဒေသကြီးအတွင်းရှိ ပြည်သူများသာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်ကို ခွဲဝေခံစားသွားမည်ဖြစ်ပါသည်။ သတ္တုတွင်း လုပ်ငန်း လည်ပတ်လာချိန်တွင် နိုင်ငံအတွက် အခြားသော အကျိုးအမြတ် ဖြစ်ထွန်းလာမည့် ရင်းမြစ်များ ရှိလာပါမည်။ နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာ တိုက်ရိုက်အကျိုးအမြတ် အဖြစ် နှစ်စဉ် US$ သန်း (၁၄ဝ) ကို အခွန်အခ၊ သတ္တုခွန်၊ ထုတ်လုပ်မှုမှ အကျိုးတူခွဲဝေ ရရှိမှု တို့မှလည်းကောင်း၊ US$ သန်း (၁၅ဝ) ကို ပြည်တွင်း ကုန်ပစ္စည်း ဝယ်ယူမှုမှ လည်းကောင်း ရရှိနိုင်မည်ဟု ခန့်မှန်းပါသည်။ ဤ ရရှိလာသော ငွေမှ နိုင်ငံတော်အတွက် ပိုမို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် အသုံးချနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် စီမံကိန်း အသားတင်အမြတ်၏ (၂%) ကိုလည်း ဒေသခံ လူမှုအဖွဲ့အစည်း တွင် ရင်းနှီးမြှုပ်နှံသွားပါမည်။ ဒေသခံပြည်သူများအတွင်း ရင်းနှီးမြုပ်နှံထားမှု၊ ဒေသခံတို့၏ လုပ်ငန်းကျွမ်းကျင် တတ်မြောက်မှုတို့နှင့် အခြေခံအဆောက်အအုံများမှာ လက်ပံတောင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အား နိုင်ငံရပ်ခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်သော ဒေသတစ်ရပ် ဖြစ်လာစေပါသည်။ မြန်မာဝမ်ပေါင် သည် မြန်မာနိုင်ငံ နှင့် လက်ပံတောင်းဒေသခံ လူထုအတွက် စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို အကောင်းဆုံးဖြစ်လာအောင် ဆက်လက်မြှင့်တင်သွားနိုင်ရန် စိတ်အားထက်သန် လျက်ရှိနေပါသည်။

 

 

ဤသတင်းဆောင်းပါးအား အများပြည်သူသို့ ၂ဝ၁၄ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာ နှင့် ဒီမိုကရေစီ တူဒေး သတင်းစာများတွင် မြန်မာဘာသာဖြင့် လည်းကောင်း၊ မြန်မာ့အလင်းသတင်းစာ New Light of Myanmar နှင့် ဒီဇင်ဘာလ ၈ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် (English version)တွင် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထည့်သွင်း အစီရင်ခံတင်ပြပြီးဖြစ်ပါသည်။