English (United Kingdom)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုရေရှည်ထိန်းသိမ်းနိုင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက်စံပြစီမံကိန်းတစ်ခု ဖြစ်လာစေရန်ဖော်ဆောင်နေ

mr gengyi meeting2

 

ကျွန်တော်တို့သည်"လူသားများ၊ကမ္ဘာလောကနှင့်အကျိုးအမြတ်" တို့အားပြုစုစောင့်ရှောက်ခြင်းကို အခြေခံ၍ ရေရှည်ထိန်းသိမ်းနိုင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိနေပါသည်။
ကျွန်တော်တို့သည် လက်ပံတောင်းတောင်စီမံကိန်းကို ကြည်လင်သော ရေတွင် ဖောက်ထွင်းမြင်ရသလို ထင်သာမြင်သာရှိရလေအောင် ထက်သန်စွာ လုပ်ဆောင်နေပါသည်။

 

ဤသည်မှာ မြန်မာဝမ်ပေါင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သော မစ္စတာ ဂန်းရီ က ၂ဝ၁၄ ခုနှစ် မတ်လ(၁၃)ရက် ရန်ကုန်မြို့တွင်ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံNGOများအစည်းအဝေးတွင် ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဆက်လက်၍ မစ္စတာ ဂန်းရီက နိုင်ငံတော်အစိုးရ ၊ အကျိုးတူ စီးပွားဖက်များ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများအား ဘေးအနှောင့်ပရောဂများကြောင့် မတိုးသာမဆုတ်သာအခြေအနေနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည့် လက်ပံတောင်းတောင်စီမံကိန်းအား မိမိတို့၏ တာဝန်များကျေပွန်စွာဖြင့် ဆက်လက်လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့ပါသည်။
မစ္စတာ ဂန်းရီက " ဝမ်ပေါင်သည် တရားဝင်စာချုပ်ပါ ကတိကဝတ်များထက် ကျော်လွန်၍ လုပ်သင့်လုပ်ထိုက်သော CSR လူမှုရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ပေးနေခြင်းဖြစ်ကာ လက်ပံတောင်းတောင်စီမံကိန်းကို စံပြစီမံကိန်းတစ်ခုဖြစ်လာစေရေးအတွက် အဖွဲ့အစည်းအားလုံးက လက်တွဲပူးပေါင်းလုပ်ဆောင်သွားရန် ကျွန်တော်တို့အနေဖြင့် မျှော်လင့်ပါကြောင်း" ကိုလည်း ပြောကြားခဲ့ပါသည်။
မြန်မာဝမ်ပေါင်သည် CSR လှုပ်ရှားမှုများတွင် အမေရိကန်ဒေါ်လာ (၁.၈)သန်းနီးပါးထည့်သွင်း ပေးခဲ့ပြီးဖြစ်ကာ စာသင်ကျောင်းနှင့်မူလတန်းကြိုကျောင်း တည်ဆောက်ခြင်းများ၊လျှပ်စစ်မီးရရှိရေး၊ သောက်ရေသန့်ရရှိရေး၊လမ်းများပြုပြင်ခြင်း၊ စေတီဘုရားများနှင့် ဘုန်းကြီးကျောင်းတည်ဆောက်ရေးများ အစရှိသည်တို့ ပါဝင်သည်။

 

mr gengyi meeing1