English (United Kingdom)

စာသင်ကျောင်းများတည်ဆောက်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် အကျိုးဖြစ်ထွန်း

geng yi KG
ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာဂန်းရီမှ လွှဲပြောင်းပေးအပ်စဉ်
ပြီးခဲ့သည့်နှစ်တွင် ကျွန်တော်တို့ ၏ လူမှုဝန်းကျင်ရင်းနှီးမြှုပ်နှံမှု ဖြစ်သော (Community and Social Development ) CSD စီမံကိန်းများမှ ပညာရေးကဏ္ဍတွင် ကျောင်းသားကျောင်းသူ (၁၂ဝဝ)ကျော် အကျိုးရရှိသည့်အတွက် များစွာ ဂုဏ်ယူမိပါသည်။အခြေခံပညာ မူလတန်းကျောင်း(၂)ကျောင်းနှင့် မူကြိုကျောင်း (၂)ကျောင်းကိုလည်း ဒေသခံကျေးရွာများအား လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါသည်။ ဤသည်မှာ ဒေသခံကျေးရွာသူ ကျေးရွာသားတို့၏ ပညာရေးအသိုက်အမြှုံကို တိုးတက်မြှင့်တင်ပေးရန်အတွက် ကျွန်တော်တို့၏ အားထုတ်မှုများမှ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။
 
မိုးပျံပူဖောင်းများ၊ဒေသခံတို့၏ ပျော်ရွှင်မှုများနှင့်အတူ ၂ဝ၁၄ ခု ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ကျွန်တော်တို့တည်ဆောက်ပေးခဲ့သော သိန်း(၆ဝဝ)ကျပ် တန်ဖိုးရှိ အခြေခံပညာ မူလတန်း ကျောင်း(၂)ကျောင်းကို တောင်ပလူနှင့် ထန်းတောကြီး ကျေးရွာများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ပါသည်။များမကြာသေးမီက ဝက်မှေး-ကံတော နှင့် ဆည်တည်း-ဇီးတော ရွာသစ်များတွင် အသစ်ဆောက်လုပ်ပေးထားသော မူလတန်းကြိုကျောင်းများကိုလည်း လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။အဆိုပါ မူလတန်းကြိုကျောင်းများအတွက် ရင်းနှီးမြှုပ်နှံမှုမှာ သိန်း(၁၃ဝ)ကျပ် ကုန်ကျပါသည်။ 
 
donate KG
ဝမ်ပေါင်မှ တည်ဆောက်ပေးသော မူကြိုကျောင်း
 
 ကျွန်တော်တို့သည် ပညာရေးကဏ္ဍအပေါ် အလေးထားမှုရှိသည်မှာ ပညာသင်ကြားခြင်းသည် ဆင်းရဲမှုမှ လွတ်မြောက်စေနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည့်အပြင် သင်ကြားမှုတွင် အပတ်တကုတ် ကြိုးစားရန် နှင့် ပညာရေးကို ဆုံးရှုံးလိုက်ရပါက မည်သည့်အခါမှ ပြန်မရနိုင်သော လမ်းဖြစ်နေခြင်း ကြောင့်ဖြစ်ပါ သည်။ မည်သည့်လူ့အဖွဲ့ အစည်းတွင်မှ ပညာရေးကဏ္ဍမပါဘဲ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိပါ။ပညာရေးနှင့် ဆည်းပူးလေ့လာခြင်းဖြင့်သာ ဒေသခံတို့၏ဘဝများကို ပြောင်းလဲမြှင့်တင် ပေးနိုင်သည်ဟု ကျွန်တော်တို့အနေဖြင့် လေးလေးနက်နက်ယုံကြည်ပါသည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေစဉ်အတွင်း ကျွန်တော်တို့သည် စစ်ကိုင်းတိုင်းဒေသကြီး (သို့မဟုတ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်လာမည့် အဆိုပါဒေသတွင်းရှိ ကလေးသူငယ်များကို ဂရုတစိုက် စောင့်ရှောက်ပေးသွားပါမည်။