English (United Kingdom)

ESIA နှင့်ပတ်သက်၍ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိ

villagers see the ESIA

မန်မာဝမ်ပေါင်သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့ကြောင့် မြန်မာဝမ်ပေါင်သည်စီမံကိန်းနှင့်စပ်လျဉ်းသော ESIA (Environmental and Social Impact Assessment) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝသက်ရောက်မှု တန်ဖိုးဖြတ်မှု အကြောင်းကို ရွာသူရွာသားများအား ရှင်းလင်းတင်ပြကာ ဆွေးနွေးသွားရန်ရှိပါသည်။

စီမံကိန်းအတွက် ESIA ကိုရေးဆွဲပေးသည့် သြစတြေးလျမှ နိုင်ငံတကာ အဆင့်ရှိ Knight Pie'sold အဖွဲ့အစည်းသည် ယခုလာမည့် သောကြာနေ့ (၂ဝ၁၄ ခု မတ်လ ၇ ရက်) မှစတင်ကာ စီမံကိန်းသက်ရောက်သော (၃၃) ရွာမှ

ဒေသခံများနှင့် တွေ့ဆုံပွဲများကို ရက်သတ္တပတ်(၆) ပတ် ကြာမြင့်သည်အထိလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် အထူးကိုယ်စားလှယ်(၃၉) ဦး နှင့်ဖွဲ့စည်းထားသော အထူးသုံးသပ်စစ်ဆေးရေးကော်မတီ (special review committee) သည် ESIA မူကြမ်းကို ပြန်လည်စိစစ်နေပါသည်။ ESIA သည် ရွာသူရွာသားများနေထိုင်ရာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကြေးနီစီမံကိန်းကြောင့် သက်ရောက်နိုင်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုတို့ကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။

Knight Piesold က ပြုလုပ်မည့် (ဒေသခံများနှင့်) တွေ့ဆုံဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်သည် ESIA တွင် ဒေသခံတို့၏ သဘောထားအမြင်များကိုပါဝင်နိုင်ရန်ဖြစ်သည်။ ဤစီမံကိန်းနှင့်ပတ်သက်၍ Knight Piesold မှလည်း မည်၍မည်မျှ ထိခိုက်မှု များရှိမည်၊ မည်ကဲ့သို့ ထိခိုက်မှု လျော့နည်းအောင် မည်သို့ထိန်းသိမ်း ဆောင်ရွက်သွားရမည် စသည့် အစီအစဉ်များကို နားလည်စေရန်နှင့် ဒေသခံတို့၏ မေးမြန်းမှုများကိုလည်းပြန်လည်ဖြေကြားပေးမည်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ဒေသခံရွာသားများ အားလုံးကိုလည်း ESIA လုပ်ငန်းစဉ်တစ်ခုလုံးနှင့် စပ်လျဉ်းသော မေးခွန်းများနှင့်အကြောင်းအရာများကို တွေ့ဆုံဆွေးနွေးအဖြေရှာသွားရန် သာတူညီမျှအခွင့်အရေး များပေးအပ်ထားပါမည်။

 

KP 002