English (United Kingdom)

သံဃာတော်ကြီးများမှ သာသနိကအဆောက်အဦများ ရွှေ့ပြောင်းရန်သြဝါဒပေး

ဘုန်းတော်ကြီးများက တောင်ကြားစေတီနှင့်သိမ်တော်ပြောင်းရွှေ့ ရန် ခွင့်ပြု
ဘုန်းတော်ကြီးများက တောင်ကြားစေတီနှင့်သိမ်တော်ပြောင်းရွှေ့ ရန် ခွင့်ပြု

ဝမ်ပေါင်ကုမ္ပဏီသည် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ဘာသာတရားဆိုင်ရာ ဖြစ်သော စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ အပေါ် အထူးအလေးထားပါသည်။ဒေသခံများမှ စေတီတော်များ အသစ်တည်ထားကိုးကွယ်ရန် (သို့မဟုတ်) ဒေသ၏ ယုံကြည်မှုဆိုင်ရာ နတ်စင်များ ရွှေ့ပြောင်းရန် အတွက် တောင်းဆိုလာပါက တရိုတသေ လေးနက်စွာဖြင့် စဉ်းစားဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့ဝန်ထမ်းများသည်လည်း ပတ်ဝန်းကျင်ဒေသခံများ နည်းတူ ဘာသာရေးဆိုင်ရာ ပွဲတော်များတွင် ပါဝင်လေ့လာဆင်နွဲလျက်ရှိပါသည်။
 
အနီးပတ်ဝန်းကျင်ဒေသခံများ ကိုးကွယ်သော ဘာသာရေး၏ အကျိုးကျေးဇူးများကို အဆက်မပြတ်ခံစားနိုင်ရန်အတွက် ကျွန်တော်တို့သည် ဘုန်းတော်ကြီးကျောင်း များဆောက်လုပ်ပြုပြင်ပေးနေခြင်းအားဖြင့် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာအေးချမ်း သာယာမှုရှိလာစေရေးကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေပါသည်။
 

 

 

 

လက်ပံတောင်း တောင်ကြားရှိ ဗုဒ္ဓသာသနိကအဆောက်အဦများ နေရာသစ်သို့ ရွှေ့ပြောင်းနိုင်ရေးအတွက် နိုင်ငံတော်မှ ဆရာတော်ကြီးနှင့်ဒေသခံဆရာတော်ကြီး၂၇ပါးသည် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ဆားလင်းကြီးမြို့ နယ်သံဃာ့ နာယကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သော သြဝါဒခံယူပွဲသို့ကြွရောက်ကြ၍ သြဝါဒများပေးခဲ့ပါသည်။ ဆရာတော်ကြီးများက တောင်ကြားစေတီနှင့် သိမ်ကျောင်းများရွှေ့ ပြောင်းရန်အတွက် သဘောတူပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်းသည် မြန်မာတစ်နိုင်ငံလုံးအတွက် အကျိုးဆောင်ပေးနိုင်ပါသည် ဟု ဆရာတော်ကြီးများကလည်း ယူဆပါသည်။
 
အသစ်တည်ထားမည့်စေတီနှင့်သိမ်ကျောင်းကို မူရင်းပုံစံအတိုင်း ပို၍ကြီးကျယ်ခမ်းနားအောင် ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။
 
propaganda 1
propaganda 2