English (United Kingdom)

ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ်တော် လက်ပံတောင်းသတ္တုတွင်း စီမံကိန်းသို့ ကွင်းဆင်းလေ့လာ

quintana new2လွန်ခဲ့သော သီတင်းပတ်တွင် ကုလသမဂ္ဂမှ မစ္စတာ သောမတ်စ် ကင်တားနားသည် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာပြည်သို့ လာရောက်လေ့လာစဉ် လက်ပံတောင်းသတ္တုတွင်းစီမံကိန်းသို့ အထူးခရီးစဉ်အဖြစ် စီစဉ်ပေးခဲ့သည့်အတွက် ဝမ်ပေါင်မိုင်းနင်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလက်ခံခဲ့ပါသည်။
၂ဝ၁၄ ခု၊ဖေဖော်ဝါရီလ (၁၇)ရက် တနင်္လာနေ့တွင် မစ္စတာ ကင်တာနားနှင့်အဖွဲ့သည် ဝမ်ပေါင်မှ တွဲဖက် အထွေထွေ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ တန့်ဟန်ပေါ (Deng Heng Bo) နှင့်တွေ့ဆုံခဲ့ပါသည်။

စွန့်ပစ်မြေစာပုံကို ဥပမာထား၍ ကျွန်တော်တို့ကုမ္ပဏီအနေဖြင့် နိုင်ငံတကာမှ အကောင်းဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေး စံချိန်စံညွှန်းကို လိုက်နာကျင့်သုံးနေသည်ကို မစ္စတာ ကင်တားနားအား ရှင်းပြခဲ့ပါသည်။
ညီနောင်ကုမ္ပဏီဖြစ်သော SK (စံပယ်တောင်၊ကြေးစင်တောင်)ဘက်မှ လက်ရှိ ကျင့်သုံးနေသည့် Zero Discharge ဟုခေါ်သော ပြင်ပသို့ အညစ်အကြေး စွန့်ပစ်မှုလုံးဝမရှိသော စနစ်များကို ဝမ်ပေါင်မှ ဆက်လက်ကျင့်သုံးလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ ဂန်းရီမှ သီးခြားစာတစ်စောင်ရေးသားကာ အထူးကိုယ်စားလှယ်တော်အား ဝမ်ပေါင်သို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ပါသည်။အဆိုပါ စာထဲတွင် -
"အနီးပတ်ဝန်းကျင်ဒေသသည် ကျွန်တော်တို့အတွက် အရေးကြီးပါသည်။ကျွန်တော်တို့ ဆောင်ရွက်ပြီးဖြစ်သည့် လုပ်ငန်းများနှင့် အဆက်မပြတ် တိုးတက်ရန် အတွက် လုပ်ဆောင်မှုများကို အဆင်ပြေသည့် အချိန်တွင် ထပ်မံရှင်းပြချင်ပါကြောင်း"  "ကျွန်တော်တို့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ပူးပေါင်းဆက်ဆံခဲ့ပါကြောင်း ၊ကျွန်တော်များ၏ လုပ်ဆောင်မှုများ၊အစီအစဉ်များ၊ ကတိပြုချက်များ အားလုံးကို ၄င်းတို့၏ အနီးကပ်ကြီးကြပ် မှုအောက် တွင်ဆောင်ရွက်နေ သည် ဖြစ်ပါကြောင်း၊ကျွန်တော်တို့၏ လုပ်ငန်းသည် အဆိုပါကော်မရှင်၏ လမ်းညွှန်ချက်အလိုက် တိုးတက်ဆောင်ရွက်၍ ပြင်ပသို့လည်း စနစ်တကျ အချိန်မှန်မှန် သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း " ဟူ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။ထို့နောက် မစ္စတာကင်တာနားသည် ဝမ်ပေါင်၏ လူထုဆက်ဆံရေး မန်နေဂျာ မစ္စတာချောင်သယ်စန့် နှင့်လည်းတွေ့ဆုံသလို ဝမ်ပေါင်ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်ဆံရေးဆိုင်ရာအကြံပေးအရာရှိများဖြစ်သော ဗြိတိန်ကုမ္ပဏီတစ်ခု ဖြစ်သည့် China-I နှင့်တွေ့ဆုံခဲ့ပါသည်။ ကျွန်တော်တို့သည် ဤအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချပြီး မစ္စတာ ကွင်တာနားအား ကျွန်တော်တို့၏ လက်ရှိ လူမှုဆက်ဆံရေး အားထုတ်မှုများအား ထပ်မံရှင်းပြခဲ့သလို အနာဂတ်အတွက် ကျွန်တော်တို့၏ လူမှုဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း ရှင်းပြခဲ့ပါသည်။အဓိကအားဖြင့်ကိုယ်ပိုင် အနာဂတ်များကို ပုံဖော်ရာတွင်ပတ်ဝန်းကျင်ရွာများကိုယ်တိုင်ပါဝင် ရန်နှင့်  စေ့စပ်ဆွေးနွေးနိုင် ရန် အတွက် ကျွန်တော်တို့၏နောင်ဖြစ်လာမည့် လူမှုအသိုင်းအဝိုင်းနှင့် နှီးနှောဖလှယ်ခြင်းများအကြောင်းကို ကျွန်တော်တို့ဝေမျှခဲ့ပါသည်။