English (United Kingdom)

မြန်မာဝမ်ပေါင် ကြေးနီသတ္တုတူးဖော်ရေး လီမိတက်၏ တရားဝင်သတင်းထုတ်ပြန်ချက်

မြန်မာဝမ်ပေါင်၏ သတင်းထုတ်ပြန်ချက်
၂ဝ၁၄ ခု၊ ဒီဇင်ဘာလ(၂၂)ရက်


မြန်မာနိုင်ငံအစိုးရ၏ လမ်းညွှန်ချက် နှင့် သဘောတူ ခွင့်ပြုချက်အရ မြန်မာဝမ်ပေါင် ကြေးနီသတ္တု တူးဖော်ရေး လီမိတက် (MWMCL) သည် လက်ပံတောင်းစီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းကို စတင်ဆောင်ရွက်နေပါသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုချက်၏ လိုအပ်ချက်များအား လိုက်နာဆောင်ရွက်ရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းဧရိယာ တိုးချဲ့လုပ်ကိုင်ခြင်းကို မြန်မာနိုင်ငံအစိုးရ၏လမ်းညွှန်ချက်အရ လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း ထုတ်ဖော် ပြောကြား အပ်ပါသည်။
စီမံကိန်းဒေသရှိ ဒေသခံအများစု၏ ထောက်ခံပေးမှုကြောင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပါသည်။


တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စီးပွားဖြစ်ကာလသို့ ကူးပြောင်းနိုင်ပါက ဒေသခံ လူမှုအဖွဲ့အစည်း နှင့် မြန်မာတစ်နိုင်ငံလုံးအား ဤ စီမံကိန်းမှ ပေါ်ထွန်းလာမည့် အကျိုးအမြတ်များခွဲဝေခံစားနိုင်ရန် မျှော်လင့်နေပါသည်။
မိုင်းလုပ်ငန်းလည်ပတ်လာသည် နှင့် မြန်မာတစ်နိုင်ငံလုံး နှင့် ဒေသခံပြည်သူများအတွက် ဤ စီမံကိန်းမှ ပေးစွမ်းလာမည့် အောက်ပါအကျိုးအမြတ် ရင်းမြစ်များစွာတို့ ပေါ်ထွက်လာပါမည်။


- မြန်မာနိုင်ငံသည် အခွန်အခများ၊ ဓာတ်သတ္တုခွန်များ နှင့် ထုတ်လုပ်မှုခွဲဝေခံစားမှုတို့မှ နှစ်စဉ် တိုက်ရိုက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ငွေ US$ (၁၄ဝ) သန်း ခန့် နှင့် ဒေသအတွင်း ပစ္စည်းဝယ်ယူမှုများ မှ US$ (၁၅ဝ) သန်းခန့် ရရှိမည် ခန့်မှန်းပါသည်။
- စီမံကိန်းမှ အသားတင်အမြတ်ငွေ၏ (၂%) ကိုလည်း ဒေသခံ လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပေးသွားပါမည်။
- ဒေသခံများ၏ လုပ်ကိုင်စွမ်းအား ပိုမိုကျွမ်းကျင်စေရန်နှင့် ဤဒေသတွင် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်စေရန် ဒေသခံပြည်သူ လူထုအပေါ် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် လက်ပံတောင်းဒေသ နှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာစေရန် ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်လာပါမည်။
လုပ်ငန်းဆောင်ရွက်ရန် နှောင့်နှေးခဲ့သည့် အချိန်နှစ်နှစ်တာ ကာလအတွင်း မြန်မာဝမ်ပေါင်သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထောက်ခံချက်နှင့် အကောင်အထည်ဖော်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပေးသည့် အပြင် ဒေသလူမှုအဖွဲ့အစည်း နှင့် ညှိနှိုင်းဆွေးနွေးမှု ၏ အရေးပါမှုအရ လည်းကောင်း၊

လူမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိတတ်မှုအရ လည်းကောင်း၊ မိမိ၏ လုပ်ပေးနိုင်မှု ဘောင်ကျော်လွန်နေသော်လည်း

တတ်နိုင်သမျှ ဆောင်ရွက်ပေးပါသည်။

 

လူမှုရေးဆိုင်ရာ ထုတ်ဖော်ချက်များ နှင့် ဒေသလူမှုအဖွဲ့အစည်း နှင့် ဆက်ဆံရေး


ကျွန်တော်များသည် ဒေသခံလူမှုအဖွဲ့အစည်း တို့အား တွေ့ဆုံပွဲ၊ ညှိနှိုင်းဆွေးနွေးပွဲများကို ဗြိတိသျှလူမှုရေးရာ ညှိနှိုင်းမှုအဖွဲ့ (China-I)မှ အကြံဉာဏ်များ ရယူပြီး ဖြစ်နိုင်ခြေရှိသော အခြေအနေများကို ဖန်တီးကာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ကျွန်တော်များသည် မြန်မာနိုင်ငံအစိုးရ၏ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအပေါ် ထားရှိသည့်အမြင်ကိုလည်း စွဲမှတ်ထားပါသည်။ ဤအမြင်ကို ဒေသခံများအား ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်သည်အထိ လုပ်ပေးနိုင်ခဲ့သည့် အတွက်လည်း ကျွန်တော်များ ဝမ်းသာဂုဏ်ယူမိပါသည်။
ကျွန်တော်များသည် ဒေသခံများနှင့် မြန်မာဝမ်ပေါင် စီမံအုပ်ချုပ်သူများအကြား မကြုံစဖူး ထူးထူးကဲကဲ တစ်အိမ်တက် တစ်အိမ်ဆင်း ညှိနှိုင်းဆွေးနွေးခြင်းများကို မရပ်မနား လအတော်ကြာ ဆောင်ရွက်ခဲ့ကြပါသည်။ ဤ လူထုတွေ့ဆုံပွဲ လုပ်ငန်းရပ်သည် ပွင့်လင်းမြင်သာမှုရှိစေပြီး မိမိတို့၏ တင်ပြလိုသည်များ၊ စိုးရိမ်ပူပန်မှုများကို မည်သူမဆို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ရန် လမ်းဖွင့်ပေးထား ပါသည်။ ဤ သို့ပြုလုပ်ခြင်းဖြင့် မြန်မာဝမ်ပေါင်သည် ဒေသလူမှုအဖွဲ့အစည်း နှင့် ပိုမိုနီးစပ်မှု ရရှိပြီး ၎င်း တို့၏ လိုအပ်ချက်များ ကိုလည်း နားထောင်သိရှိခွင့် ရပါသည်။ ထို့အပြင် ကုမ္ပဏီသည်လည်း စီမံကိန်းသက်တမ်းတစ်လျောက်လုံးတွင် ဒေသခံတို့ နှင့် ဆွေမျိုးပေါက်ဖော် ဖြစ်လာနိုင်သော အနီးကပ်ဆက်ဆံရေးဆီသို့ တွန်းပို့နေပါသည်။
ကျွန်တော်များ၏ များပြားလှသော ညှိနှိုင်းဆွေးနွေးခြင်းများသည် ဒေသခံများအား ကျွန်တော်များ ၏ လုပ်ဆောင်ပေးမည့် ကတိကဝတ်များကို ဖော်ဆောင်နေပါသည်။ ဒေသခံများလည်း မိမိတို့၏ လိုအပ်ချက်များကို ကုမ္ပဏီ၏ တုံ့ပြန်ဆောင်ရွက်ပေးမှု များက မျက်မြင်ကိုယ်တွေ့ မြင်နေပါသည်။
ကျွန်တော်များဝန်းကျင်ရှိ ကျေးရွာများသည် ကျွန်တော်များမှ မထိန်းချုပ်နိုင်သော မိုင်းရပ်ဆိုင်းမှု ကြောင့် မိုင်းလည်ပတ်ခြင်း မပြုလုပ်နိုင်သော်လည်း ကျွန်တော်များမှ မိမိလုပ်ပေးနိုင်သော အနေအထားထိ ရရှိလာအောင် ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့နေကြပါသည်။ ထို့အတွက်ကြောင့်ပင် ဒေသရှိ လူဦးရေ အများစုသည် စီမံကိန်းကို အပြည့်အဝ ကူညီထောက်ခံကြခြင်းဖြစ်ပါသည်။

 

 

မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေး


၂ဝ၁၁ ခုနှစ် ကတည်းက လက်ပံတောင်း စီမံကိန်းသည် စီမံကိန်းဧရိယာအတွင်း မြေယာ ဆုံးရှုံးခံရသူ ဒေသခံများအား မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေးများကို သုံးကြိမ်တိုင် ထုတ်ပေးခဲ့ပါသည်။ မြေယာလျော်ကြေးနှင့် ထောက်ပံ့ကြေးများသည် မြန်မာ့နည်းဥပဒေ နှင့် ဒေသ မြေယာပေါက်ဈေး ကာလတန်ဖိုးကို အခြေခံ၍ မြန်မာအစိုးရ၏ ဆုံးဖြတ်ချက် နှင့် အညီ ထုတ်ပေးခဲ့ပါသည်။ စုစုပေါင်း မြေယာလျော်ကြေးနှင့် ထောက်ပံ့ကြေး (၃) ကြိမ်သည် မြေယာ အမျိုးအစားပေါ် မှုတည်၍ တစ်ဧကလျှင် ကျပ် (၁,၈၂၅,ဝဝဝ) မှ (၃,၂၅ဝ,ဝဝဝ) အတွင်း ထုတ်ပေးခဲ့ပါသည်။ မြေယာလျော်ကြေး နှင့် ပထမအကြိမ် ထောက်ပံ့ကြေးအား မြေယာဆုံးရှုံးခံရသူ ဒေသခံအားလုံးမှ တောင်းဆိုခဲ့ကြပါသည်။

မြေယာဆုံးရှုံးခံရသူ ဒေသခံများ၏ (၆၆%) သည် ဒုတိယအကြိမ် ထောက်ပံ့ ငွေကြေးကိုလည်း ထုတ်ယူခဲ့ကြခြင်းဖြင့် ဒေသရှိ လူဦးရေအများစုသည် စီမံကိန်းသို့ မိမိတို့ပိုင် မြေယာ များအား မိမိတို့ဆန္ဒအလျောက် စွန့်လွှတ်ပေးအပ်ခဲ့ကြပါသည်။
ကုမ္ပဏီသည် စီမံကိန်းအတွက် မြေယာများကို မြေယာဆုံးရှုံးခံရသူများအား ပြန်လည်ပေးလျော် သည့် မြေယာလျော်ကြေးများကိုလည်း မြန်မာ့နည်းဥပဒေနှင့် အညီ ကနဦး လိုက်နာဆောင်ရွက် ပေးထားပါသည်။ မြေယာဆုံးရှုံးခံရသူ များအား ထပ်ဆောင်း ထောက်ပံ့ကြေးပေးခြင်း၊ ဒေသခံများ၏ တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစား၍ မြေယာပေါက်ဈေး ကာလတန်ဖိုး အတိုင်း ထုတ်ပေးခြင်းတို့ ဖြင့် နိုင်ငံတော်အား တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့ပါသည်။


အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေပေးအပ်ခြင်း


မြန်မာဝမ်ပေါင်သည် တရားဥပဒေအရ လိုအပ်သော တာဝန်များအား ပြည့်မီကျေပွန်စွာ ထမ်းဆောင်ခဲ့သလို မြေယာ လျော်ကြေး နှင့် ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့ခြင်းဖြင့် ဒေသခံ လူမှုအဖွဲ့အစည်း၏ အသက်မွေး ဝမ်းကျောင်းမှု နှင့် ဖူလုံမှုအတွက် ရေရှည်တွင် လုံခြုံစိတ်ချရအောင် ထပ်မံလုပ်ဆောင် ပေးနိုင်ခဲ့ပါသည်။
၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ကတည်းက မြန်မာနိုင်ငံအစိုးရ၏ စီမံကွပ်ကဲမှုဖြင့် မိမိ၏လုပ်ငန်း အကျိုးတူစီးပွားဖက်များနှင့် အတူ ကုမ္ပဏီသည် မြေယာဆုံးရှုံးခံရသော ဒေသခံများအား ဆုံးရှုံးခံရသော မြေယာပမာဏ အလိုက် အလုပ်အရေအတွက် ခန့်အပ်ပေးမှုကို တစ်လလျှင် (US$ 70) နှင့် (US$ 160) အကြား နှစ်စဉ် ထောက်ပံ့ကူညီသော ငွေကြေးများ ထုတ်ပေးခဲ့ပါသည်။ မြန်မာဝမ်ပေါင်သည် နဂိုကတည်းက စီမံကိန်းသို့ မြေယာပေးအပ်သည် ပမာဏအလိုက် အလုပ်ခန့်အပ်သွားရန် ဝန်ခံကတိပြုခဲ့သော်လည်း မိမိကြောင့် မဟုတ်ဘဲ စီမံကိန်းရပ်ဆိုင်း သွားရ၍ အလုပ်ခန့်အပ်ပေးခြင်း မလုပ်ဆောင်နိုင်ခဲ့ပါ။ ထိုကြောင့် အလုပ်တစ်ခုပေါ်လာသည့်တိုင်အောင် ထောက်ပံ့ကြေးများကို ပုံမှန် (၆) လတစ်ကြိမ် ထုတ်ပေးခဲ့သဖြင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် စောင့်စားနေရစဉ် အခြေခံအသက်မွေး ဝမ်းကျောင်းမှု လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး မြေယာဆုံးရှုံးခံရသောသူများ စိတ်သက်သာရာ ရစေခဲ့ပါသည်။ ဤ လုပ်ဆောင်ချက်သည် ဒေသခံများ ပါဝင်သော အထူးအလေးထား ညှိနှိုင်းဆွေးနွေးမှု များမှ ဆောင်ရွက် ပေးရခြင်းဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းတွင် လပေါင်း အတော်ကြာ မကြုံစဖူး အထူးအလေးထား သည့် တစ်အိမ်တက်ဆင်း ညှိနှိုင်းဆွေးနွေးခြင်းများလည်း ပါဝင်ပါသည်။
ကျေးရွာ (၃၅) ရွာမှ မြေယာဆုံးရှုံးခံရသူအားလုံး၏ (၇၁%) ကျော်သည်လည်း ဤ ထောက်ပံ့ကြေး အစီအမံ နှင့် စီမံကိန်းလုပ်ငန်းအား လက်ခံဆွေးနွေးကြပါသည်။ အဆိုပါ ကျေးရွာ (၃၅) ရွာမှ တစ်အိမ်တက်ဆင်း ညှိနှိုင်းဆွေးနွေးမှုများကြောင့် ကျေးရွာ (၂၇) ရွာ၏ ဒေသခံပြည်သူ (၉၁%) ကျော်သည် ထောက်ပံ့ကြေး အစီအမံကို လက်ခံသဘောတူညီ ကြပါသည်။ ဤ အရေအတွက်သည် သတ္တုတွင်းစီမံကိန်း၏ အများစု လက်ခံသည့် လိုအပ်ချက်ထက် သာလွန်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်တစ်ရပ် အဖြစ် လက်ခံစဉ်းစားထား ပါသည်။ ကျွန်တော်များသည် ဒေသတွင်းရှိ ဘဏ်လုပ်ငန်းများတွင် ဒေသခံများအား ငွေစုဘဏ်စာအုပ် လုပ်ပေးထားခြင်းဖြင့် ထောက်ပံ့ငွေများကို ၎င်းတို့၏ ကိုယ်ပိုင်ငွေစုဘဏ်စာရင်း သို့ တိုက်ရိုက်လက်ခံ ရရှိစေပါသည်။
စီမံကိန်းတွင် လုပ်ငန်းနှင့် ပါဝင်ပတ်သက်သူများမှ ဤ ထောက်ပံ့ကြေး ကိစ္စရပ်အား လက်တွေ့ အမှန်တကယ် ဖြစ်လာအောင် ပူးပေါင်းကြိုးပမ်းပေးမှု များကိုလည်းကောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ထောက်ပံ့ကူညီပေးမှုများကို လည်းကောင်း ကျွန်တော်များမှ လှိုက်လဲစွာ ကျေးဇူး ဥပကာရ တင်ရှိပါသည်။


ဒေသလူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံပေးမှု


ကျွန်တော်များသည် ဒေသခံများအား ယခုကဲ့သို့ ထောက်ပံ့ကြေးများ ပေးသည့်အပြင် လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေ ဖူလုံရေး၊ စာသင်ကျောင်းများ နှင့် မူကြိုကျောင်းများ တည်ဆောက်ပေးခြင်း၊ ကျောင်းများ နှင့် မူလတန်းကြိုကျောင်း အဆောက်အအုံများသို့ သွားသည့်လမ်းများ ပြုပြင်ဖောက်လုပ် ပေးခြင်း၊ ပညာသင်ဆု နှင့် အခမဲ့ဆေးဝါးကုသသည့် ဝန်ဆောင်မှုပေးခြင်း အစရှိသော လူနေမှုဘဝ မြှင့်တင်ရန် လူမှုအဖွဲ့အစည်း နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုးစုံကိုလည်း ဆောင်ရွက်ထား ပါသည်။ ကျွန်တော်များသည် ဒေသခံပြည်သူ (၁၂,ဝဝဝ) အား နိုင်ငံတော်ပိုင် လျှပ်စစ် ကွန်ယက် မဟာဓာတ်အားလိုင်းကြီးများ နှင့် ချိတ်ဆက် ပေးထားခြင်းဖြင့် ထောင်ပေါင်းများစွာသော လူထုအား လျှပ်စစ်ဓာတ်အား ချို့တဲ့မှုမှ ကင်းဝေးစေပါသည်။ ယခုနှစ်ကုန်တွင် ကုမ္ပဏီ၏ သောက်သုံးရေ စီမံကိန်း ကြောင့် ဒေသခံ (၅,ဝဝဝ) ကျော်သည် သန့်ရှင်းသော သောက်သုံးရေ ရရှိလာပါမည်။ စီမံကိန်းဒေသ ဝန်းကျင်ရှိ ကျေးရွာပေါင်း (၅ဝ) မှ လူနာ (၈ဝ,ဝဝဝ) ကျော်ကို နယ်လှည့်ဆေးကုသရေး အဖွဲ့မှ အခမဲ့ဆေးဝါးကုသမှု ပေးခဲ့ပြီး ကျောင်းသား (၁,၂ဝဝ) ကျော်မှာလည်း ကုမ္ပဏီမှ ဆောက်လုပ်ပေးသော စာသင်ကျောင်းများတွင် အေးချမ်းစွာ စာသင်ကြားနေနိုင်ပြီ ဖြစ်ပါသည်။ ၎င်း အပြင် လွန်ခဲ့သော (၂) နှစ်က ကျပ်သန်းပေါင်း (၈၂) သန်းကို တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ်ကျောင်းသား (၁ဝဝဝ) ကျော်အား ပညာသင်ထောက်ပံ့ကြေး ပေးခဲ့ပါသည်။ ဤ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံပေးခြင်း သည် ဒေသခံ လူမှုအဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆွေးနွေးရာမှ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖော်ထုတ်ပေးခြင်း


ကျွန်တော်တို့၏ ဒေသလူမှု အဖွဲ့အစည်း အတွင်း တစ်နိုင်တပိုင် လုပ်ကိုင်နိုင်သော အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကိုလည်း ပြုစုပျိုးထောင်ပေးနေပါသည်။ ဤ သို့ ပြုလုပ်ပေးခြင်းဖြင့် ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ထိရောက်သော နည်းဗျူဟာတစ်ရပ်ဟု ခံစားယုံကြည်ပါသည်။ ဤ လုပ်ငန်းများသည် စီမံကိန်းမှ အပြန်အလှန် အကျိုးပြုမည့် အခြားအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသွားနိုင်ပါမည်။ ၎င်းအပြင် ဒေသဧရိယာအတွင်း လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ခြင်း၊ အသိဥာဏ်ပညာ ဖလှယ်ခြင်း နှင့် စက်မှုလုပ်ငန်းကြီးတစ်ရပ် ဖော်ထုတ်ခြင်း စသောအကျိုးရလဒ်များ ဖြစ်ထွန်းလာပါမည်။ အစားအစာ (လယ်ယာစိုက်ပျိုးရေးဆိုင်ရာ)၊ သယ်ယူပို့ဆောင်ရေး နှင့် ဆောက်လုပ် ရေးကဏ္ဍ များ၌ အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် အကျိုး သက်ရောက်မှု ခံရသော ဒေသခံများအား ပံ့ပိုးကူညီပါသည်။ (အသေးစိတ်ကို ရှင်းလင်းချက် တွင် ဖတ်ရှုနိုင်ပါသည်) ကျွန်တော်များသည် ရည်မှန်းထားသော ဝယ်ယူမှုနှင့် အဆောက်အအုံ ပမာဏအရ အဆိုပါ အငယ်စား နှင့် အလတ်စားလုပ်ငန်းများကို ပြုစုပျိုးထောင်ပေးသွားရန် ကတိကဝတ် ပြုထားပါ သည်။ ယခုအချိန်ထိ ဒေသအငယ်စား နှင့် အလတ်စားလုပ်ငန်းများသို့ ကန်ထရိုက်စာချုပ်ဖြင့် ကျပ်သိန်း ထောင်ပေါင်း (၁.၆) ကျော်ငွေ ပမာဏ တန်ဖိုး ထုတ်ပေးခဲ့ပါသည်။

 

ပတ်ဝန်းကျင်နှင့် လူမှုရေးရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း (ESIA)


လက်ရှိအနေအထားတွင် သြစတြေးလျနိုင်ငံမှ အကြံပေးအဖွဲ့ Knight Pie'sold အဖွဲ့အစည်း၏ ရေးသားပြုစုထားသော "ပတ်ဝန်းကျင် နှင့် လူမှုရေးရာ သက်ရောက်မှုဆန်းစစ်ခြင်း" (ESIA) အစီရင်ခံစာသည် နောက်ဆုံး အတည်ပြု အဆင့်သို့ရောက်ရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန (MOECAF) မှလည်း ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေပါသည်။
စီမံကိန်းဧရိယာ ပတ်လည်ရှိ စီမံကိန်းကြောင့် အကျိုးသက်ရောက်မှုခံခဲ့ရသော ကျေးရွာများ၏ ဒေသလူမှုအဖွဲ့အစည်း နှင့်အထူးဦးစားပေး ညှိနှိုင်းဆွေးနွေးမှု များမှ ESIA အစီရင်ခံစာကို ဆောင်ရွက်ထားပါသည်။ ဆွေးနွေးညှိနှိုင်းခြင်း ပြုလုပ်စဉ် ကာလအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ များကို တင်ပြကြပြီး အဆိုပါ လုပ်ငန်းများသည်လည်း ထုတ်ဖော်ဖြေရှင်း ပေးနိုင်ခဲ့ပါသည်။ အစီရင်ခံအား ပြည်တွင်းရှိ ပတ်ဝန်းကျင် နှင့် လူမှုရေးရာကျွမ်းကျင် ပညာရှင်များ ပါဝင်သော စီစစ်သုံးသပ်ရေး အဖွဲ့မှ အလေးထား စိစစ်သုံးသပ်ထားပါသည်။ ESIA အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အသုံးပြုလျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှ ထွက်ပေါ်လာမည့် ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပြီးပြည့်စုံသော အောင်မြင်မှု ရရှိမည့် အလေ့အကျင့်ကောင်း လမ်းညွှန်မှုအဖြစ်လည်း ပြင်ဆင်ဆောင်ရွက်ထားပါသည်။
ESIA အစီရင်ခံစာတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖော်ပြထားသော စီမံအုပ်ချုပ်သူ များမှ ဆောင်ရွက်ပေးမည့် အတိုင်းအတာအရ စီမံကိန်းမှ ပြည်သူလူထုနှင့် ဒေသခံ အဖွဲ့အစည်းများ ရရှိလာမည့် အကျိုးအမြတ်များ နှင့် နှိုင်းယှဉ်ချိန်ထိုးကြည့်ရာတွင် လက်ပံတောင်းကြေးနီ စီမံကိန်းကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုသည် ကန့်သတ်ဘောင်တစ်ခုအတွင်း လက်ခံနိုင်မှု ရှိကြောင်း အဆုံးသတ် ဖော်ပြထားပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်းကို ထိန်းသိမ်းဆောင်ရွက်ရာတွင် အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီအောင် အလေးထားလျက် စီမံကိန်းအား စီးပွားဖြစ် ထုတ်လုပ်နိုင်မှု ကာလတစ်လျောက် နှစ်စဉ် US$ (၂) သန်း ကျခံအသုံးပြုသွားပါမည်။ ကျွန်တော်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု နည်းဗျူဟာအား ယခုလက်ရှိ စီမံချက်ချ ဆောင်ရွက်ချိန်မှသည် မိုင်းပိတ်သိမ်း ခြင်း ကာလအထိ ဆက်တိုက်အသုံးပြုသွားရန် လိုအပ်ပါသည်။


ကျွန်တော်များ မြန်မာဝမ်ပေါင်သည် ကျွန်တော်များ၏ ထောက်ပံ့ကြေးပေးခြင်း၊ အလုပ်ခန့်အပ် သည့် မူဝါဒများ၊ အငယ်စား နှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖော်ထုတ်ခြင်း အစီအမံ နှင့် လူမှုရေး ဆိုင်ရာ တာဝန်ယူမှုများ နှင့် စပ်လျဉ်း၍ ဒေသလူမှုအဖွဲ့အစည်း၏ ပူပန်စိုးရိမ်မှုကို ဖော်ထုတ်၍ ပံ့ပိုးသွားရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ လုပ်ငန်းနှင့် ပတ်သက်နေသူအားလုံး အား ညှိနှိုင်းဆွေးနွေး ရာတွင် ဤစီမံကိန်းမှ ဖွံ့ဖြိုးတိုးတက်မှုပိုင်း ဆိုင်ရာ ပြန်လှန်လုပ်ဆောင်ပေးမှုများကို ကျွန်တော်များသည် ဒေသခံလူမှုအဖွဲ့အစည်းအတွက် အများဆုံး နှင့် အထိရောက်ဆုံး လုပ်ဆောင်ပေးသွားပါမည်။
မြန်မာနိုင်ငံအစိုးရမှ ကျွန်တော်တို့နှင့်အတူ တစ်လျောက်လုံး ကူညီပံ့ပိုးပေးခြင်း ဆထက်ထမ်းပိုး စွမ်းဆောင်ပေးခြင်းများ အားလည်းကောင်း၊ မြန်မာနိုင်ငံ နှင့် လက်ပံတောင်းဒေသခံ လူထုအတွက် စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို အမြင့်မားဆုံး ဆက်တိုက်လုပ်ပေးခဲ့သည့် ဒေသခံလူမှုအဖွဲ့ အစည်း တို့အားလည်းကောင်း ကျွန်တော်များမှ အထူး ကျေးဇူးဥပကာရ တင်ရှိပါသည်။


ဘယ်သောအခါမှ ရပ်တန့်မသွားသော ကျွန်တော်တို့၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ကျွန်တော်တို့ ၏ လူမှုအဖွဲ့အစည်းအား ပုံဖော်ဆောင်ပေးသော ဒေသခံမိသားစုများ နှင့်ကျွန်တော်တို့ သည် လက်တွဲ မဖြုတ်စတမ်း ပန်းတိုင်အရောက် ဆက်လက်လျှောက်လှမ်းသွားပါမည်။

 

မြန်မာဝမ်ပေါင် ကြေးနီသတ္တုတူးဖော်ရေးလီမိတက်၏ သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ရရှိနိုင်ရန် ကျေးဇူးပြု၍ ဒေါင်းလုပ်ရယူပါရန်

 

pdf


အသေးစိတ်ကို http://www.myanmarwanbao.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ရှင်းလင်းဖြေကြားပေးရန်အတွက်


Mr. Cao Desheng (အင်္ဂလိပ် နှင့် တရုတ်စကားပြော) ၊ ဖုန်း - +၉၅(ဝ)၉ ၂၅၉ဝ၁၂၃၁၈
Mr. Dong Yunfei ( မြန်မာ နှင့် တရုတ်စကားပြော) ၊ ဖုန်း - +၉၅(ဝ)၉ ၅၁၈၆၂ဝ၎