English (United Kingdom)

ဒေသခံများ၏ လူနေမှုဘဝ ပိုမိုတိုးတက်ရန် အထောက်အကူပြုမည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု

မြန်မာဝမ်ပေါင်သည် ကျွန်တော်တို့နေထိုင်သော ဒေသခံလူမှုအဖွဲ့အစည်းများကြားတွင် ကောင်းမွန်သော ရင်းနှီးချစ်ကြည်မှု တစ်ရပ်ရှိစေရန် မူဝါဒ ချမှတ်ထားပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ "ကောင်းမွန်သော လူနေမှုဘဝ" ဟူသော မိန့်ကြားချက်နှင့်အညီ တာဝန်ဝတ္တရားနှင့် ကိုက်ညီသည့် ရင်းနှီးဆက်ဆံမှုမှ အစပြုကာ ဒေသခံကျေးရွာလူထု၏ လူနေမှုဘဝအား မည်သို့ ကူညီထောက်ပံ့ပေးရမည်ကို စဉ်းစားတွေးခေါ်သွားခြင်းဖြင့် ဆက်ဆံရေးအား ပြုစု ပျိုးထောင်သွား မည် ဖြစ်ပါသည်။
ကျွန်တော်တို့ ဂရုပြုမိသည်မှာ တချို့သော သတင်းမီဒီယာသမားများသည် မြေယာလျော်ကြေးငွေ ၊ ထောက်ပံ့ ကြေး နှင့် အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေပေးခြင်းများအပေါ် ရောထွေးနေပုံရပါသည်။ သို့ပါ၍ ကျွန်တော်များသည် ဤကိစ္စရပ်အား အသေးစိတ် ရှင်းလင်း တင်ပြသွားမည် ဖြစ်ပြီး စာပိုဒ်ဆုံးသည်အထိ သည်းခံဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

contribution4

 

 

 

မြေယာလျော်ကြေး / ထောက်ပံ့ကြေး

 

တရားဝင်မြေယာလျော်ကြေး ထုတ်ပေးခြင်းသည် သတ္တုတွင်းလုပ်ငန်းအတွက် အသုံးပြုမည့် မြေပမာဏအား တရားဝင် လုပ်ကိုင်ခွင့် ရရှိအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ယင်းသည် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ ဥပဒေအညီ တရားဝင်လုပ်ပိုင်ခွင့် ရရှိစေရန် ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်မှလည်း ဥပဒေကြောင်းအရ ကာကွယ်ပေးသွားနိုင်ရန် ဖြစ်ပါသည်။ မြေယာလျော်ကြေး ကိစ္စသည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။


၂ဝ၁၁ ခုနှစ် မှ စ၍ စီမံကိန်း ဧရိယာရှိ မြေယာဆုံးရှုံးခံရသူများအား မြေယာလျော်ကြေးနှင့် မြေယာထောက်ပံ့ကြေး (၃) ကြိမ်ကို ကျွန်တော်များ ကုမ္ပဏီမှ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ မြေယာ လျော်ကြေးနှင့် မြေယာထောက်ပံ့ကြေး ပေးအပ်ခြင်း စည်းမျဉ်းများသည် မြန်မာနိုင်ငံ ဥပဒေ နှင့် ဒေသမြေယာ ပေါက်ဈေး ကာလတန်ဖိုးများအပေါ် အခြေခံပြီး မိမိတို့ မြန်မာဝမ်ပေါင်မှ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

 

 

(၁) ၂ဝ၁၁ ခုနှစ်တွင် မြေယာလျော်ကြေး နှင့် ပထမအကြိမ် ထောက်ပံ့ကြေး


မြေယာလျော်ကြေးသည် တရားဝင်အရ အခွန်ဘဏ္ဍာ၏ (၁၂) ဆ မှ အဆ (၂ဝ) အထိ ဖြစ်ပါ သည်။ သို့သော် ယင်းငွေ ပမာဏသည် အလွန်ပင်နည်းပြီး (၅) ကျပ် မှ (၂ဝ) ကျပ်အထိသာ ဖြစ်ပါ သည်။ နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးသော မြေယာလျော်ကြေး ကော်မတီသည် ဤကိစ္စရပ်အား ဖြေရှင်းရန် မြေယာထောက်ပံ့ကြေးအား နည်းလမ်း (၂) သွယ် စဉ်းစားထားပါသည်။ ပထမနည်းလမ်းမှာ ဒေသလက်ရှိ ပျမ်းမျှ မြေယာပေါက်ဈေး ကာလတန်ဖိုး နှင့်အညီ မြေယာထောက်ပံ့ကြေးပေးရန် ဖြစ်ပါသည်။ဒေသရှိ မြေယာပေါက်ဈေးများမှာ ကျပ် (၂ဝဝ,ဝဝဝ) မှ ကျပ် (၄ဝဝ,ဝဝဝ) ခန့် ရှိပါသည်။ ဒုတိယနည်းလမ်းမှာ မြေယာဈေးနှုန်းအပြင် ထပ်ဆောင်းထောက်ပံ့ကြေးအဖြစ် မြေယာအမျိုးအစား အလိုက် ထွက်ရှိသော သီးနှံများ ရောင်းချရငွေ အပေါ် မှုတည်၍ သုံးနှစ်စာအမြတ်ငွေ၏ ဆတိုးငွေအား ပေးအပ်ရန် ဖြစ်ပါသည်။ ဤနည်းလမ်းအရ မြေယာတစ်ဧက လျှင် ကျပ် (၅၂၅,ဝဝဝ) မှ (၅၅ဝ,ဝဝဝ) ခန့် ရရှိပါမည်။ နိုင်ငံတော်မှ ဒုတိယနည်းလမ်းကို ရွေးချယ်ပေးပြီး မြေယာဆုံးရှုံးခံရသူ ဒေသခံများအား မြေယာလျော်ကြေး ထပ်ဆောင်းငွေ အဖြစ် ပထမအကြိမ် ထောက်ပံ့ကြေး ထုတ်ပေးခဲ့ပါသည်။ မြေယာဆုံးရှုံးခံရသူ ဒေသခံအားလုံး မြေယာလျော်ကြေးငွေ ထုတ်ယူခဲ့ကြပြီး ပထမအကြိမ် ထောက်ပံ့ကြေးငွေ ကျပ် သန်းပေါင်း (၄၁၈ဝ) ထုတ်ပေးခဲ့ ပါသည်။

 

 

(၂) ၂ဝ၁၃ ခုနှစ် မတ်လ မှ စတင်ပေးအပ်သော ဒုတိယအကြိမ် မြေယာထောက်ပံ့ကြေး


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မတီသည် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအပေါ် ၂ဝ၁၃ ခုနှစ် မတ်လတွင် အစီရင်ခံတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အစီရင်ခံစာအရ မြေယာ လျော်ကြေးငွေ တိုးမြှင့်ပေးသင့်ကြောင်း ထောက်ခံခဲ့ပါသည်။ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီသည် အစီရင်ခံစာပါ ထောက်ခံချက်အား ဆောင်ရွက်သွားရန် အတွက် အောက်ပါ မူများအတိုင်း ဒုတိယအကြိမ် မြေယာထောက်ပံ့ကြေးအား လုပ်ဆောင်ခဲ့ပါသည်။

 

အမှတ်စဉ်

ဆည်ရေသောက်မြေ (ကျပ်)

မိုးရေဖြင့် စိုက်ပျိုးမြေ (ကျပ်)

မြေလွတ် (ကျပ်)

 

၁,၅ဝဝ,ဝဝဝ

၁,၂ဝဝ,ဝဝဝ

၁,ဝဝဝ,ဝဝဝ

 

၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ လယ်တွင် စီမံကိန်းအား မြေယာပေးအပ်ခဲ့ရသည့် မြေယာဆုံးရှုံးခံရသူများ၏ (၆၆ %) သည် ဒုတိယအကြိမ် မြေယာထောက်ပံ့ကြေး ထုတ်ယူသွားပြီး ဖြစ်ပါသည်။ ထောက်ပံ့ကြေးငွေ ပမာဏ ကျပ် သိန်းထောင်ပေါင်း (၃.၉၇) ထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် မြေယာဆုံးရှုံးခံရသူ အများစုမှာ စီမံကိန်းသို့ ကိုယ်ပိုင်မြေယာများအား မိမိတို့ဆန္ဒအလျောက် စွန့်လွှတ်ပေးအပ်ခဲ့ကြခြင်းဖြစ်ပါသည်။ ဤသည်မှာ လက်ပံတောင်းစီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထု၏ အသိအမြင် ရှိကြကြောင်း လက်ဆုပ် လက်ကိုင် ပြနိုင်သည့် ကိန်းဂဏန်း တစ်ရပ် ဖြစ်ပါသည်။ မြေယာဆုံးရှုံးခံရသူများ၏ (၆၆%) မှ ပေးအပ် ခဲ့သော မြေယာဧရိယာသည် စီမံကိန်းလုပ်ငန်း အတွက် အသုံးပြုရမည့် မြေယာအများစု၏ (၅၉%) ရရှိသွားစေပါသည်။

 

(၃) ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်ပေးအပ်သော တတိယအကြိမ် မြေယာထောက်ပံ့ကြေး

 


အကောင်အထည်ဖော်ဆောင်ရေး ကော်မတီသည် လူထုမှ တင်ပြသော မြေယာလျော်ကြေးစံနှုန်းထားများ အရ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အောက်ဖော်ပြပါ စံနှုန်းထားအပေါ် အခြေခံ၍ မြေယာဆုံးရှုံးခံရသူများ အတွက် တတိယအကြိမ် ထောက်ပံ့ကြေး ပေးအပ်ရန် ကြေညာခဲ့ပါသည်။

 

အမှတ်စဉ်

ဆည်ရေသောက်မြေ (ကျပ်)

မှတ်ပုံတင်ထားသောမြေလွတ် (ကျပ်)

မှတ်ပုံမတင်ထားသောမြေလွတ် (ကျပ်)

 

၁,၂ဝဝ,ဝဝဝ

၈ဝဝ,ဝဝဝ

၃ဝဝ,ဝဝဝ

 

သို့ပါ၍ မြေယာဆုံးရှုံးခံရသူများသည် မြန်မာနိုင်ငံအစိုးရမှ ချမှတ်ထားသော စံနှုန်းများအပေါ် အခြေခံ၍ မြေယာအမျိုးအစားအလိုက် ကျပ်ငွေ (၁,၈၂၅,ဝဝဝ) မှ ကျပ် (၃,၂၅ဝ,ဝဝဝ) အတွင်း ရရှိခံစားပိုင်ခွင့် ရကြပါသည်။

 

၂ဝ၁၄ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့မှ စတင်ပေးအပ်သော အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေ


ကျွန်တော်တို့၏ တုံ့ပြန်ဆောင်ရွက်ပေးခြင်းသည် အသက်မွေးဝမ်းကျောင်းမှု လိုအပ်ချက်များနှင့် ကျွန်တော်တို့၏ ပတ်ဝန်းကျင်ဒေသ အပေါ် မျှော်လင့်ချက်များအရ နိုင်ငံတကာမှ အကောင်းဆုံး အလေ့အကျင့်တစ်ရပ်ကို ပုံဖော်နေခြင်းဖြစ်ပါသည်။လူ့အခွင့်အရေး ကို အခြေခံပြီး ရိုးစင်းစွာ လေးစားလိုက်နာခြင်းလည်း ဖြစ်ပါသည်။ ဒေသခံများအတွက် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးထားခြင်း သည် တရားမျှတသော ဖြေရှင်းချက်တစ်ရပ်အဖြစ် ကျွန်တော်တို့ ယုံကြည်ပါသည်။

contribution2

 

ထိုထိုသော ဒေသခံများအား ၎င်းတို့၏ မြေယာဆုံးရှုံးခံရမှုကြောင့် ရသင့်ရထိုက်သော အလုပ် အရေအတွက် ပေါ်မူတည်၍ တစ်လလျှင် US$ (70) မှ US$ (160) ကြား နှစ်စဉ်ထောက်ပံ့ငွေ ပေးသွားရန် ကျွန်တော်တို့မှ ကတိကဝတ် ပြုထားပြီးဖြစ်ပါသည်။ ဤ "ထောက်ပံ့ငွေ" ကို ပုံစံ (၂) မျိုးဖြင့် ပေးသွားမည်ဖြစ်သည်။ ပထမတစ်မျိုးမှာ ဒုတိယ အကြိမ် မြေယာထောက်ပံ့ကြေး ၂ဝ၁၄ ခုနှစ် ဇူလိုင်လအထိ သဘောတူလက်မှတ်ရေးထိုးထားသော ဒေသခံများအား နောက်ကြောင်းပြန် ရက်စွဲဖြင့် ထုတ်ပေးသွားပါမည်။ထို့ကြောင့် အလုပ်အတွက် ဒေသခံများ စောင့်မျှော် ခဲ့ရသည့် ကာလကို ထေမိသွား မည်ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ "ရှေ့ရှေးအတွက် မျှော်မှန်းခြင်း" ဖြစ်ပြီး ပေါ်ပေါက် လာမည့် အလုပ်ကို ရရှိရန် စောင့်ဆိုင်းနေသည့် အနာဂတ်ကာလအထိ ပေးအပ်သွားမည်ဖြစ်သည်။ ကျွန်တော်များသည် ဒေသခံများအတွက် ကမ္ဘောဇဘဏ်တွင် ကိုင်ပိုင်ဘဏ်စာအုပ် ဖွင့်ထားပေးပြီး မိမိတို့ရရှိမည့် ထောက်ပံ့ငွေ များကို တိုက်ရိုက်ရရှိစေရန် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဒေသခံအားလုံးသည် ကမ္ဘောဇဘဏ် ၏ ငွေစုစာအုပ်ဖြင့် ထောက်ပံ့ငွေများ ထားရှိလိုကြပါသည်။


မြေယာဆုံးရှုံးခံရသော ဒေသခံအားလုံးသည် ကူညီထောက်ပံ့ငွေများကြောင့် နှစ်သက် ကျေနပ်နိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် ပြန်လည်နေရာချထားခံရသော ကျေးရွာများတွင် အိမ်ထောင်စု တစ်စုတွင် ထပ်ဆောင်း အလုပ် တစ်ခုစီလည်း ရကြပါသည်။

 

contribution3

 

မြေယာမဲ့များ

 

စီမံကိန်းကြောင့် သက်ရောက်သော ကျေးရွာများတွင် တချို့သော မြေယာမရှိသူများအတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ မြေယာမဲ့သူများ ဆိုသည်မှာ ၎င်းတို့တွင် ကိုယ်ပိုင်မြေယာမရှိဘဲ မြေပိုင်ရှင် များထံတွင် အခစားဝင်ရောက်လုပ်ကိုင်ကြသူများ ဖြစ်ပါသည်။ တချို့သော ကျေးရွာများတွင် မြေပိုင်ရှင်များပင် မိမိတို့ပိုင်မြေယာများအား စီမံကိန်းသို့ ပေးအပ်ခဲ့ရသဖြင့် ထိုမြေတွင် အခစားဝင်ရောက် လုပ်ကိုင်သည့် မြေယာမဲ့ သူရင်းငှားများသည် အသက်မွေးမှု အလုပ်ဆုံးရှုံးခဲ့ခြင်းကိုလည်း အထူး အလေးထား စဉ်းစား ပေးသင့်သည့် အချက်ဖြစ်ပါသည်။
မြေယာမဲ့အရေအတွက် နှင့် ၎င်း တို့၏ ကိုယ်ရေးမှတ်တမ်းများကို ဒေသအစိုးရ နှင့် တိုင်းဒေသ ကြီးတို့မှ စာရင်းပြုစု ခွဲခြားသတ်မှတ်နေဆဲဖြစ်ပါသည်။ ယင်းတို့၏ နိုင်ငံသားဖြစ်ကြောင်း မှန်ကန်ပါက အလုံးစုံမှာ နိုင်ငံတော်အစိုးရ၏ တာဝန်ယူမှုအပိုင်း ဖြစ်ပါသည်။ ယာမြေအရေအတွက် ရရှိလာသည့် အခါ မြေယာမဲ့များအား ပံ့ပိုးကူညီရန် အထူးမူဝါဒတစ်ရပ် ချမှတ်လုပ်ဆောင်ရမည်ဖြစ်ပါသည်။
လောလောဆယ်တွင် တိုင်းဒေသကြီး အစိုးရမှ ချမှတ်ထားသော ဆုံးဖြတ်ချက်တစ်ခုအရ နိုင်ငံတော်အစိုးရသည် မြေယာမဲ့များအား အသက်မွေးဝမ်းကျောင်း မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို နိုင်ငံတော်မှ ကမကထပြု၍ ကျွန်တော်တို့ မြန်မာဝမ်ပေါင် မှ အဆိုပါသင်တန်းအတွက် လိုအပ်သော ရံပုံငွေများ ပံ့ပိုးသွားရန် ဖြစ်ပါမည်။ ၂ဝ၁၄ ခုနှစ် သြဂုတ်လ မှ စ၍ စီမံကိန်းသက်ရောက်သော ကျေးရွာများမှ သင်တန်းသား (၁၄ဝ) ယောက်အား စက်မှု နှင့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချရန် ကျပ်ငွေ (၁၁)သန်းကျော် ထည့်ဝင်ပေး ထားပါသည်။ သင်တန်းပြီးဆုံးပြီး လုပ်ငန်းကျွမ်းကျင်မှု အတတ်ပညာများ ရရှိပြီး နောက် အဆိုပါ သင်တန်းသား ဒေသခံများသည် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကြပါမည်။ ကျွန်တော်တို့သည် ဒေသအစိုးရ နှင့်အတူ ဤ လုပ်ငန်းစဉ်အား ဆက်လက်လုပ်ဆောင်ပေးသွားခြင်းဖြင့် မြေယာမဲ့များအား ဆင်းရဲမှု နှင့် လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်များကို နိဂုံးချုပ်စေရန်အတွက် အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှု အတတ်ပညာအား ထပ်ဆင့်ကူညီ ပံ့ပိုးပေးသွား ပါမည်။

 

 ကျေးရွာများနှင့် ညှိနှိုင်းဆွေးနွေးခြင်း

 

၂ဝ၁၄ ခုနှစ် ဇူလိုင်လ (၂၃) ရက်ကတည်းက ကျွန်တော်တို့ သည် အကျိုးတူ စီးပွားဖက်များဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းME-1 အဖွဲ့တို့ နှင့် အတူ ဒေသအစိုးရ နှင့် တိုင်းဒေသကြီးတို့၏ ကြီးကြပ်မှုအောက်တွင် ဗြိတိသျှ လုပ်ငန်းခွင် အန္တရာယ် စီမံခန့်ခွဲမှု အကြံပေး အဖွဲ့(Myanmar-I / China-I) ၏ အနီးကပ် စောင့်ကြည့် ဆောင်ရွက်ပေးခြင်းဖြင့် ကျွန်တော်တို့သည် ကျေးရွာများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲများကို အမျိုးမျိုးသော ပုံစံများဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ကျေးရွာအမျိုးအစား အများအပြားပါဝင်သော အုပ်စုလိုက်တွေ့ဆုံပွဲများ၊ အဖွဲ့ငယ်များပါဝင်သော တွေ့ဆုံပွဲများ၊ (၂)ဦး သို့မဟုတ် (၃)ဦး ပါဝင်သောအဖွဲ့မှ အိမ်ထောင်စုတစ်ခုချင်းအား တစ်အိမ်တက်ဆင်း တွေ့ဆုံပွဲများ အစရှိသည်ဖြင့် လုပ်ဆောင်ခဲ့ပါသည်။အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေ အစီအမံ နှင့် အငယ်စား နှင့် အလတ်စား စက်မှုလုပ်ငန်းများ စတင်တည်ထောင်ရာတွင် ဒေသခံများအား ပံ့ပိုးမည့် အစီအမံစသည်တို့အား လူထုအား အသိပေးကြေညာခြင်း အတွက် အုပ်စုလိုက် တွေ့ဆုံခြင်း နည်းလမ်းဖြင့် ကျွန်တော်တို့ ပြုလုပ်ခဲ့ကြပါသည်။တစ်အိမ်တက်ဆင်း ရင်းရင်းနှီးနှီး လည်ပတ်တွေ့ဆုံခြင်းများမှာမူ အသေးစိတ်ညှိနှိုင်းဆွေးနွေးနိုင်ရန် နှင့် ဒေသခံများ၏ အခြေအနေမှန်ကို သိရှိနိုင်သော လိုအပ်သော အချက်အလက်များရရှိရန်အတွက် မကြာခဏ မေးမြန်းနိုင်စေရန်ဖြစ်ပါသည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာ (၂ဝ) ရက်နေ့အထိ ကျေးရွာ (၂၇) ရွာမှ မြေယာဆုံးရှုံးခံရသော ဒေသခံ (၆၃၄) ယောက်အား တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့ပါသည်။ ဒေသခံ ၅၇၅ ယောက်သည် အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေ အစီအမံကို လက်ခံရန် သဘောတူညီကြသဖြင့် လက်ခံ ရရှိနှုန်းသည် (၉၁%) ဖြစ်ပါသည်။

 

 

အကျဉ်းချုပ်

 

ကျွန်တော်တို့သည် လမ်းဟောင်းများပြုပြင်ခြင်း၊ လမ်းသစ်များဖောက်လုပ်ခြင်း၊ သောက်သုံး ရေရရှိရေး၊ သောက်သုံးရေ သိုလှောင်ခြင်းနှင့် ဖြန့်ဝေခြင်း၊ လျှပ်စစ်မီးရရှိရေး၊ အသက်အရွယ်မရွေး ကလေးသူငယ်အားလုံး၏ ပညာရေးအထောက်အပံ့ပေးခြင်း၊ ကျေးရွာဆေးပေးခန်းထားရှိခြင်းကြောင့် လူနာ ၈ဝ,ဝဝဝ (ယခုအချိန်အထိ)လာရောက်ပြသ ကုသပေးနိုင်ခဲ့ခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခြင်းဖြင့် အတတ်ပညာများ တိုးတက်လာခြင်းစသည့် ကိစ္စရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးခဲ့ပါသည်။


ကျွန်တော်များသည် လက်ပံတောင်းစီမံကိန်းအား စတင်လည်ပတ်ခြင်း မပြုနိုင်သည့် အခြေအနေ နှင့် စီးပွားရေး အကျိုးအမြတ်များ ပြန်လည် မရရှိနိုင်သေးသော်လည်း မြန်မာနိုင်ငံအစိုးရ၏ ချမှတ်ထားသော နည်းဥပဒေများနှင့် ကိုက်ညီအောင် လိုက်နာဆောင်ရွက်ခဲ့ပြီး အလုံးစုံကို ထောက်ပံ့ပေး နိုင်ခဲ့ပါသည်။


ရှေးဦးစွာ ပထမအကြိမ် မြေယာလျော်ကြေးကို နိုင်ငံတော်မှ ပြငှာန်းထားသည့် ဥပဒေနှင့်အညီ ရာနှုန်းပြည့် ပေးချေခဲ့ပြီး ဖြစ်ပါသည်။


ဒုတိယအကြိမ် မြေယာကူညီထောက်ပံ့ကြေးကိုလည်း မြေပိုင်ရှင်များ၏ ၆၆% သည် ထုတ်ယူခဲ့ပြီး ဖြစ်ပါသည်။


အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေ အစီအမံမှာ ကျွန်တော်များ တစ်အိမ်တက်ဆင်း သွားရောက် ညှိနှိုင်း ခဲ့သော ကျေးရွာ (၂၇) ရွာမှ (၉၁%) သည် ထောက်ပံ့ငွေများ ထုတ်ယူနေပြီ ဖြစ်ပါသည်။


ဤ အရေအတွက်သည် သတ္တုတွင်း စီမံကိန်းလုပ်ငန်းအား အများစု လက်ခံရန် လိုအပ်ချက်ထက် သာလွန် သည့် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်တစ်ရပ် အဖြစ် မှတ်ယူထားပါသည်။


သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုအနေဖြင့် ဒေသခံ လူမှုအဖွဲ့အစည်း အား မည်သို့မည်ပုံ စေ့စပ်ညှိနှိုင်းသင့်ကြောင်း ကနဦးပြသနိုင်ခဲ့ခြင်းအတွက်လည်း ကျွန်တော်တို့ ကုမ္ပဏီအနေဖြင့် ဂုဏ်ယူပါသည်။


အိမ်နီးချင်းကောင်းတစ်ဦး ပီသရန်နှင့် ဒေသ လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြသနိုင်ရန်အတွက် စစ်မှန်သော ဆန္ဒဖြင့် အရာအားလုံးကို ကျွန်တော်တို့က လုပ်ဆောင်လျှက် ရှိပါသည်။ဤကဲ့သို့ ဆောင်ရွက်ပေးမှုများမှာ တင်းကျပ်သော တရားဥပဒေအရ ပြဌာန်းချက်များနှင့် လုပ်ငန်း စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည့်အချက်များကို ကျော်လွန်ကာ လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာမှ ဆင်းရဲမှု လျှော့ချရေး စံချိန်စံညွှန်းများထက်ပင် ကျော်လွန်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနီးပတ်ဝန်းကျင် အိမ်နီးနားချင်းများအား စစ်မှန်သော အလေးထားခြင်းနှင့်တကွ စီမံကိန်းကာလတစ်ယောက်လုံးတွင် ဒေသခံတို့အား အလေးထားဆောင်ရွက်ရမည့် ကျွန်တော်တို့၏ တာဝန်ဝတ္တရားများအား ဆက်လက်ကျေပွန်အောင် ထမ်းရွက်သွားမည်ဖြစ်ပါသည်။ ။