English (United Kingdom)

European Times မဂ္ဂဇင်းပါ တွေ့ဆုံမေးမြန်းခြင်းဖော်ပြချက်

မြန်မာဝမ်ပေါင်၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာယန်စီ၏ ကုမ္ပဏီဥက္ကဌဖြစ်သူ မစ္စတာဂန်းရီ ၏ European Times ပါ တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက်

 

သတ္တုတွင်းလုပ်ငန်းသည် မြန်မာပြည်တွင် ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း မစ္စတာ ဂန်းရီ က ပြောကြားလိုက်သည်။

eutimes logo webမစ္စတာဂန်းရီ၏ ပြောကြားချက်အရ ဝမ်ပေါင်သည် လူမှုအသိုင်းအဝန်းကို တာဝန်ယူသော ကုမ္ပဏီ တစ်ခုဖြစ်ကြောင်းနှင့်ဝမ်ပေါင် သည် ဒေသခံများ လုပ်ငန်းကျွမ်းကျင်မှု ရှိလာရေး အတွက် ပြုစုပျိုးထောင်ပေးခြင်း၏ အရေးပါမှုကို နားလည် သဘောပေါက် လျှက်ရှိကြောင်း၊ အဆိုပါ ဒေသခံများသည် နောက်ဆုံးပိတ် သတ္တုမိုင်းပိတ်သိမ်းခြင်းကာလ ကျော်လွန်သည် အထိပင် ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဤသည်မှာ ရွာသူရွာသားများနှင့် နောက်မျိုးဆက် များအတွက် လုပ်ပိုင်ခွင့် အာဏာပေးအပ်ခြင်းဖြစ်သကဲ့သို့ နေ့စဉ် နေထိုင်မှုဘဝများအတွက် ပိုင်ပိုင်နိုင်နိုင် ထိန်းကျောင်းနိုင်ခြင်းနှင့် ပိုမိုသော လုပ်ငန်းစွမ်းဆောင်ရည်များကို ပေးအပ်ခြင်းလည်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ကဏ္ဍအတွက်မူ ကုမ္ပဏီသည် မုံရွာ ကြေးနီစီမံကိန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ကိုက်ညီစွာ ကောင်းမွန်သော နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ကျင့်သုံး လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း မစ္စတာ ဂန်းရီက ပြောကြားသည်။
ကုမ္ပဏီလည်ပတ်ရာတွင် Maximizing shareholders' value (အစုရှယ်ယာရှင်များ၏ တန်ဖိုး)ဆိုသော သဘောတရားကို ချန်လှပ်ထားခဲ့ပြီး ကျွန်တော်တို့၏ မဟာဗျူဟာ ပြောင်းလဲမှုများအရ Maximizing stakeholders' value (အားလုံးပူးပေါင်းပါဝင်သော တန်ဖိုး)အဖြစ်သို့ ချီတက်ရန်ဖြစ်ပါသည်။ ကျွန်တော်တို့၏ CSR လုပ်ငန်းစဉ်များသည် ဒေသခံများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေပါက ငွေကြေးဘဏ္ဍာများ အထိုက်အလျောက် ပြန်လည်ရရှိလာမည်ကို ကျွန်တော်တို့အနေဖြင့် ယုံကြည်ပါကြောင်း မစ္စတာ ဂန်းရီက ပြောကြားပါသည်။
ကျေးဇူးပြု၍ အင်တာဗျူးဖော်ပြချက်အပြည့်အစုံကို ဒေါင်းလုပ်ရယူပါရန်

pdf iconအီးယူတိုင်းမ်၏အင်တာဗျူး