English (United Kingdom)

နောက်ဆုံးရသတင်းများ

အားလုံးအတွက် ဝမ်းနည်းပြီး ကရုဏာသက်မိသော အချိန်လေးတစ်ခု

Monday, 22 December 2014 20:03

ကျွန်တော်တို့ရဲ့ ဒေသခံလူ့အဖွဲ့အစည်းမှာ ရှိတဲ့ မိုးကြိုးပြင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦး ဆုံးပါးသွားကြောင်း ကျွန်တော်တို့လည်း မကြာသေးခင်ကမှ သတင်းရရှိထားပါတယ် ၊ ကျွန်တော်တို့ ဝမ်ပေါင်ဝန်ထမ်းများအားလုံးအနေဖြင့်လည်း ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့လည်း ဆုံးပါးသွားသော အမျိုးသမီး၏ မိသားစုအားလည်း ကိုယ်ချင်းစာမိပါတယ်။ ယနေ့သည် ကျွန်တော်တို့၏ လက်ပံတောင်းမိသားစုထဲမှ မိသားစုဝင်တစ်ဦးဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်ပါတယ်....

 

အဆိုပါအမျိုးသမီးသေဆုံးသွားရသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးပါ။ကျွန်တော်တို့ နားလည်သည်မှာ ရဲတပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့ပြီး အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်မိပါတယ်။


လက်ရှိမှာ ကျွန်တော်တို့သည် ဒေသခံများနှင့် ဆက်ဆံရေးတွင် အံ့သြဖွယ်ရာ တိုးတက်ကောင်းမွန်သော အခြေအနေတစ်ရပ်ကို ရရှိထားပြီးချိန်တွင် ကျွန်တော်တို့အတွက် အလွန်စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ၂ဝ၁၄ ခုနှစ် မေလမှ နိုဝင်ဘာလအထိ ဒေသခံများနှင့်ကျွန်တော်တို့ အကြားတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းအတွက် ဒေသခံတို့၏ ခွင့်ပြုချက် အမြောက်အများကို ရရှိထားပြီးဖြစ်လို့ပါ။


ယနေ့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များမှာ ကံဆိုးရခြင်း အကြောင်းရင်းများစွာရှိပါတယ်... အထူးသဖြင့် ကျွန်တော်တို့ နှင့် ဒေသခံများအကြား တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာဖြင့် ယုံကြည်မှုကို ကြိုးကြိုးစားစားစတင်တည်ဆောက်နေချိန်တွင် ကံအားလျော်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ခြင်းမှာလည်း ဒေသခံပြည်သူအများစုမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှုပေးထားခဲ့လို့ ဖြစ်ပါတယ်....


ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးပြီးသော ရွာ(၃၅)ရွာရှိ (၇၁)ရာခိုင်နှုန်းသော ဒေသခံများမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် နှင့် စီမံကိန်းအား ထောက်ခံကြောင်း ကျွန်တော်တို့အား မီးစိမ်းပြ ခွင့်ပြုပေးပြီးဖြစ်ပါတယ်၊ စီမံကိန်းကြောင့် သက်ရောက်သော ရွာ(၂၇)ရွာမှ (၉၁)ရာခိုင်နှုန်းနှင့် ကျွန်တော်တို့သည် တစ်အိမ်တက် တစ်အိမ်ဆင်း ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့အားလည်း ထောက်ခံပေးပြီး ဖြစ်ပါတယ်...ထို့ကြောင့် ကျွန်တော်တို့သည် ဒေသခံလူ့အဖွဲ့အစည်းနှင့် ကြီးမားသော ဆက်ဆံရေးတိုးတက်မှု ရှိလာခဲ့ပြီးလည်း ဖြစ်ပါတယ်...

ဤသည်မှာ မျှော်လင့်ချက်နှင့် ဒေသခံများနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြီးမားသော ဖြစ်စဉ်ဖြစ်ပါတယ်၊ အသေးစိတ်ကို website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် အဆိုပါ အမျိုးသမီးတစ်ဦး အသိတရားကင်းမဲ့စွာဖြင့် သေဆုံးသွားရခြင်းအတွက်လည်း ပို၍ နာကျင်ခံစားရပြီး ကရုဏာသက်မိပါတယ် ...သတ္တုတူးဖော်ရေး စီမံကိန်းသည် အဆိုပါဒေသတွင် တည်ရှိနေရခြင်းသည် ကွယ်လွန်သွားခဲ့ရသော အမျိုးသမီးအပါအဝင် ဒေသခံပြည်သူအားလုံးအား အကူအညီပေးသွားနိုင်ရန်ဖြစ်ပါတယ်...


ကျွန်တော်တို့အနေဖြင့် ကွယ်လွန်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်...ကျွန်တော်တို့သည် ကတိကဝတ်ပြုထားသကဲ့သို့ပင် ဒေသခံများနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် မဆုတ်မနစ်ကြိုးစားသွားပါမယ်.. ဒေသခံရွာသူရွာသားများ၊ဆန္ဒပြသမားများ၊ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအပေါ် အန္တရာယ်ရှိနိုင်သည့် မည်သည့် အကြမ်းဖက် လုပ်ရပ်မျိုးကို မဆို ကျွန်တော်တို့က မလိုလားပါ။

 

မြန်မာဝမ်ပေါင် ကြေးနီသတ္တုတူးဖော်ရေး လီမိတက်၏ တရားဝင်သတင်းထုတ်ပြန်ချက်

Monday, 22 December 2014 10:10

မြန်မာဝမ်ပေါင်၏ သတင်းထုတ်ပြန်ချက်
၂ဝ၁၄ ခု၊ ဒီဇင်ဘာလ(၂၂)ရက်


မြန်မာနိုင်ငံအစိုးရ၏ လမ်းညွှန်ချက် နှင့် သဘောတူ ခွင့်ပြုချက်အရ မြန်မာဝမ်ပေါင် ကြေးနီသတ္တု တူးဖော်ရေး လီမိတက် (MWMCL) သည် လက်ပံတောင်းစီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းကို စတင်ဆောင်ရွက်နေပါသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုချက်၏ လိုအပ်ချက်များအား လိုက်နာဆောင်ရွက်ရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းဧရိယာ တိုးချဲ့လုပ်ကိုင်ခြင်းကို မြန်မာနိုင်ငံအစိုးရ၏လမ်းညွှန်ချက်အရ လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း ထုတ်ဖော် ပြောကြား အပ်ပါသည်။
စီမံကိန်းဒေသရှိ ဒေသခံအများစု၏ ထောက်ခံပေးမှုကြောင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပါသည်။


တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စီးပွားဖြစ်ကာလသို့ ကူးပြောင်းနိုင်ပါက ဒေသခံ လူမှုအဖွဲ့အစည်း နှင့် မြန်မာတစ်နိုင်ငံလုံးအား ဤ စီမံကိန်းမှ ပေါ်ထွန်းလာမည့် အကျိုးအမြတ်များခွဲဝေခံစားနိုင်ရန် မျှော်လင့်နေပါသည်။
မိုင်းလုပ်ငန်းလည်ပတ်လာသည် နှင့် မြန်မာတစ်နိုင်ငံလုံး နှင့် ဒေသခံပြည်သူများအတွက် ဤ စီမံကိန်းမှ ပေးစွမ်းလာမည့် အောက်ပါအကျိုးအမြတ် ရင်းမြစ်များစွာတို့ ပေါ်ထွက်လာပါမည်။


- မြန်မာနိုင်ငံသည် အခွန်အခများ၊ ဓာတ်သတ္တုခွန်များ နှင့် ထုတ်လုပ်မှုခွဲဝေခံစားမှုတို့မှ နှစ်စဉ် တိုက်ရိုက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ငွေ US$ (၁၄ဝ) သန်း ခန့် နှင့် ဒေသအတွင်း ပစ္စည်းဝယ်ယူမှုများ မှ US$ (၁၅ဝ) သန်းခန့် ရရှိမည် ခန့်မှန်းပါသည်။
- စီမံကိန်းမှ အသားတင်အမြတ်ငွေ၏ (၂%) ကိုလည်း ဒေသခံ လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပေးသွားပါမည်။
- ဒေသခံများ၏ လုပ်ကိုင်စွမ်းအား ပိုမိုကျွမ်းကျင်စေရန်နှင့် ဤဒေသတွင် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်စေရန် ဒေသခံပြည်သူ လူထုအပေါ် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် လက်ပံတောင်းဒေသ နှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာစေရန် ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်လာပါမည်။
လုပ်ငန်းဆောင်ရွက်ရန် နှောင့်နှေးခဲ့သည့် အချိန်နှစ်နှစ်တာ ကာလအတွင်း မြန်မာဝမ်ပေါင်သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထောက်ခံချက်နှင့် အကောင်အထည်ဖော်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပေးသည့် အပြင် ဒေသလူမှုအဖွဲ့အစည်း နှင့် ညှိနှိုင်းဆွေးနွေးမှု ၏ အရေးပါမှုအရ လည်းကောင်း၊

လူမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိတတ်မှုအရ လည်းကောင်း၊ မိမိ၏ လုပ်ပေးနိုင်မှု ဘောင်ကျော်လွန်နေသော်လည်း

တတ်နိုင်သမျှ ဆောင်ရွက်ပေးပါသည်။

 

လူမှုရေးဆိုင်ရာ ထုတ်ဖော်ချက်များ နှင့် ဒေသလူမှုအဖွဲ့အစည်း နှင့် ဆက်ဆံရေး


ကျွန်တော်များသည် ဒေသခံလူမှုအဖွဲ့အစည်း တို့အား တွေ့ဆုံပွဲ၊ ညှိနှိုင်းဆွေးနွေးပွဲများကို ဗြိတိသျှလူမှုရေးရာ ညှိနှိုင်းမှုအဖွဲ့ (China-I)မှ အကြံဉာဏ်များ ရယူပြီး ဖြစ်နိုင်ခြေရှိသော အခြေအနေများကို ဖန်တီးကာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ကျွန်တော်များသည် မြန်မာနိုင်ငံအစိုးရ၏ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအပေါ် ထားရှိသည့်အမြင်ကိုလည်း စွဲမှတ်ထားပါသည်။ ဤအမြင်ကို ဒေသခံများအား ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်သည်အထိ လုပ်ပေးနိုင်ခဲ့သည့် အတွက်လည်း ကျွန်တော်များ ဝမ်းသာဂုဏ်ယူမိပါသည်။
ကျွန်တော်များသည် ဒေသခံများနှင့် မြန်မာဝမ်ပေါင် စီမံအုပ်ချုပ်သူများအကြား မကြုံစဖူး ထူးထူးကဲကဲ တစ်အိမ်တက် တစ်အိမ်ဆင်း ညှိနှိုင်းဆွေးနွေးခြင်းများကို မရပ်မနား လအတော်ကြာ ဆောင်ရွက်ခဲ့ကြပါသည်။ ဤ လူထုတွေ့ဆုံပွဲ လုပ်ငန်းရပ်သည် ပွင့်လင်းမြင်သာမှုရှိစေပြီး မိမိတို့၏ တင်ပြလိုသည်များ၊ စိုးရိမ်ပူပန်မှုများကို မည်သူမဆို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ရန် လမ်းဖွင့်ပေးထား ပါသည်။ ဤ သို့ပြုလုပ်ခြင်းဖြင့် မြန်မာဝမ်ပေါင်သည် ဒေသလူမှုအဖွဲ့အစည်း နှင့် ပိုမိုနီးစပ်မှု ရရှိပြီး ၎င်း တို့၏ လိုအပ်ချက်များ ကိုလည်း နားထောင်သိရှိခွင့် ရပါသည်။ ထို့အပြင် ကုမ္ပဏီသည်လည်း စီမံကိန်းသက်တမ်းတစ်လျောက်လုံးတွင် ဒေသခံတို့ နှင့် ဆွေမျိုးပေါက်ဖော် ဖြစ်လာနိုင်သော အနီးကပ်ဆက်ဆံရေးဆီသို့ တွန်းပို့နေပါသည်။
ကျွန်တော်များ၏ များပြားလှသော ညှိနှိုင်းဆွေးနွေးခြင်းများသည် ဒေသခံများအား ကျွန်တော်များ ၏ လုပ်ဆောင်ပေးမည့် ကတိကဝတ်များကို ဖော်ဆောင်နေပါသည်။ ဒေသခံများလည်း မိမိတို့၏ လိုအပ်ချက်များကို ကုမ္ပဏီ၏ တုံ့ပြန်ဆောင်ရွက်ပေးမှု များက မျက်မြင်ကိုယ်တွေ့ မြင်နေပါသည်။
ကျွန်တော်များဝန်းကျင်ရှိ ကျေးရွာများသည် ကျွန်တော်များမှ မထိန်းချုပ်နိုင်သော မိုင်းရပ်ဆိုင်းမှု ကြောင့် မိုင်းလည်ပတ်ခြင်း မပြုလုပ်နိုင်သော်လည်း ကျွန်တော်များမှ မိမိလုပ်ပေးနိုင်သော အနေအထားထိ ရရှိလာအောင် ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့နေကြပါသည်။ ထို့အတွက်ကြောင့်ပင် ဒေသရှိ လူဦးရေ အများစုသည် စီမံကိန်းကို အပြည့်အဝ ကူညီထောက်ခံကြခြင်းဖြစ်ပါသည်။

 

ဆက်ဖတ်ရန်....

 

လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအား ဝမ်ပေါင်မှ ပံ့ပိုးပေးခြင်း

Tuesday, 16 December 2014 15:45

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မြန်မာ ဝမ်ပေါင်ကြေးနီသတ္တုတူးဖော်ရေးလီမိတက် (မြန်မာဝမ်ပေါင်) ၏ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံထားမှုများ၏ အကျိုးသက်ရောက်မှုများမှာ လက်ဆုပ်လက်ကိုင် ပြနိုင်ပါသည်။ မြန်မာဝမ်ပေါင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ နှင့် မြန်မာနိုင်ငံမှ အကျိုးတူစီးပွားဖက်များဖြစ်သည့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တို့နှင့်အတူ မြန်မာ့ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များဖြစ်သော "ဆင်းရဲမှု လျော့ချရေး" "ကြီးပွားဖွံ့ဖြိုးလာမှု" နှင့် "လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှု" များနှင့်အညီ လူမှုအဖွဲ့အစည်း၏ ပဏာမ ခြေလှမ်းနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ထားပါသည်။


မြန်မာဝမ်ပေါင်သည် လူမှုအဖွဲ့အစည်းအား ကတိကဝတ်ပြုထားသည့်အတိုင်း ကုမ္ပဏီ၏ လုပ်ဆောင်ပေးမှု များက လက်ပံတောင်းဒေသရှိ ဒေသခံများ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ သတ္တုတူးဖော်ရေး လုပ်ငန်းသည် မိမိထိန်းချုပ်နိုင်မှု ပြင်ပရှိ လုပ်ငန်းရပ်ဆိုင်းစေသည့် ကိစ္စရပ်များကြောင့် လုပ်ငန်းလည်ပတ်ခြင်း မပြုလုပ်နိုင်လင့်ကစား လုပ်ပေးနိုင်သော လုပ်ငန်းတိုင်းတွင် ဒေသခံများအား လက်လှမ်းမီသရွေ့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့သည်ကို ဒေသခံပြည်သူများ မြင်တွေ့ပြီးဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင် ဒေသရှိ လူဦးရေ အများစုသည် စီမံကိန်းကို အပြည့်အဝ ကူညီထောက်ခံကြခြင်းဖြစ်ပါသည်။

 

မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေး


စီမံကိန်းဧရိယာတွင် မြေယာဆုံးရှုံးခံရသော ဒေသခံများအား လက်ပံတောင်းတောင်စီမံကိန်း၏ အကျိုးတူစီးပွားဖက်များ သည် မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေးများကို ၂ဝ၁၁ ခုနှစ်ကတည်းက သုံးကြိမ်တိုင် ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေးအတွက် မြန်မာနိုင်ငံ ဥပဒေနှင့် ဒေသ မြေယာပေါက်ဈေး ကာလတန်ဖိုးအပေါ် အခြေခံပြီး နိုင်ငံတော် အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ မြေယာအမျိုးအစားပေါ် မူတည်၍ မြေယာလျော်ကြေးငွေ နှင့် ထောက်ပံ့ကြေး သုံးကြိမ် စုစုပေါင်း တန်ဖိုးမှာ တစ်ဧကလျှင် ကျပ် (၁,၈၂၅,ဝဝဝ) မှ (၃,၂၅ဝ,ဝဝဝ) အတွင်း ရှိပါသည်။ လျော်ကြေးငွေ နှင့် ပထမအကြိမ် ထောက်ပံ့ကြေးကို မြေယာဆုံးရှုံးရသူများမှာ ရာနှုန်းပြည့် ထုတ်ယူခဲ့ပါသည်။ ဒေသခံအများစုသည် မိမိပိုင် မြေယာများကို စီမံကိန်းသို့ ပေးအပ်ရန် ဆန္ဒရှိကြသောကြောင့် မြေယာဆုံးရှုံးခံရသူများ၏ ၆၆% သည် ဒုတိယအကြိမ် ထောက်ပံ့ကြေးများ ထုတ်ယူခဲ့ကြသည်။

 

ဆက်ဖတ်ရန်....

 

ဒေသခံများ၏ လူနေမှုဘဝ ပိုမိုတိုးတက်ရန် အထောက်အကူပြုမည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု

Monday, 01 December 2014 15:40

မြန်မာဝမ်ပေါင်သည် ကျွန်တော်တို့နေထိုင်သော ဒေသခံလူမှုအဖွဲ့အစည်းများကြားတွင် ကောင်းမွန်သော ရင်းနှီးချစ်ကြည်မှု တစ်ရပ်ရှိစေရန် မူဝါဒ ချမှတ်ထားပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ "ကောင်းမွန်သော လူနေမှုဘဝ" ဟူသော မိန့်ကြားချက်နှင့်အညီ တာဝန်ဝတ္တရားနှင့် ကိုက်ညီသည့် ရင်းနှီးဆက်ဆံမှုမှ အစပြုကာ ဒေသခံကျေးရွာလူထု၏ လူနေမှုဘဝအား မည်သို့ ကူညီထောက်ပံ့ပေးရမည်ကို စဉ်းစားတွေးခေါ်သွားခြင်းဖြင့် ဆက်ဆံရေးအား ပြုစု ပျိုးထောင်သွား မည် ဖြစ်ပါသည်။
ကျွန်တော်တို့ ဂရုပြုမိသည်မှာ တချို့သော သတင်းမီဒီယာသမားများသည် မြေယာလျော်ကြေးငွေ ၊ ထောက်ပံ့ ကြေး နှင့် အလုပ်စောင့်ဆိုင်းကာလ ထောက်ပံ့ငွေပေးခြင်းများအပေါ် ရောထွေးနေပုံရပါသည်။ သို့ပါ၍ ကျွန်တော်များသည် ဤကိစ္စရပ်အား အသေးစိတ် ရှင်းလင်း တင်ပြသွားမည် ဖြစ်ပြီး စာပိုဒ်ဆုံးသည်အထိ သည်းခံဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

contribution4

 

ဆက်ဖတ်ရန်....

 

ESIA အစီရင်ခံစာ (မြန်မာဘာသာပြန်)

Monday, 18 August 2014 15:22

သတ္တုတူးဖော်ရေးလုပ်ငန်းများသည် သာမန်အားဖြင့် မြေမျက်နှာသွင်ပြင်အနေအထား ပြောင်းလဲသွားခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေးရာထိခိုက်ခြင်းတို့အပြင် လူမှုအဖွဲ့အစည်း၏ ကျန်းမာရေးအပေါ် ထိခိုက်စေမှု ဟူသည့် သွင်ပြင်လက္ခဏာများရှိပါသည်။သို့သော် သဘာဝအရင်းအမြစ်များမှ တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများသည် အစီအစဉ်တကျ စီမံချက်များချမှတ် လုပ်ဆောင်သွားခြင်းအားဖြင့် တိုင်းပြည်နှင့် ပြည်သူပြည်သားများအပေါ် ယုံကြည်အားထားရသော၊ အကျိုးအမြတ်ရနိုင်သော၊ ရေရှည်တည်တံ့နိုင်သော ချမ်းသာသုခများကို ခံစားရရှိစေနိုင်ပါသည်။


လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်းကို သြစတြေးလျနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ လုပ်ငန်း အကြံပေးအဖွဲ့အစည်းဖြစ်သော နိုက်ပီးလ်ဆိုးဒ် (Knight Pie'sold) မှလည်း စီမံကိန်းတည်ဆောက်ခြင်း၊ စီးပွားဖြစ်လည်ပတ်ထုတ်လုပ်ခြင်းနှင့် မိုင်းပိတ်သိမ်းခြင်းကဏ္ဍအသီးသီး၏ ကောင်းကျိုး၊ဆိုးကျိုး နှစ်ဖြာကို ဆန်းစစ်မှု နှင့် ပြင်ဆင်ဆောင်ရွက်ခြင်းများအတွက် လုပ်ဆောင်ရေးဆွဲပေးခဲ့ပြီး ဖြစ်ပါသည်။


ယခု ကျွန်တော်တို့၏ အင်တာနက်စာမျက်နှာတွင် နိုက်ပီးလ်ဆိုးဒ်မှ ဆန်းစစ်ထားသည့် "ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ခြင်း အစီရင်ခံစာ"ကို ကျွန်တော်တို့ မြန်မာပြည်အား အောင်မြင် တိုးတက်စေလိုသော၊ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ရှုထောင့်အမြင်မှနေ၍ တစေ့တစောင်း ဖတ်ရှုလေ့လာပေးစေလိုသော ဆန္ဒဖြင့် ကျွန်တော်တို့မှ နွေးထွေးစွာ ဖိတ်ခေါ်ပါ၏ ။

 

ESIA အစီရင်ခံစာ(မြန်မာဘာသာပြန်)တွင် အဓိပ္ပါယ်ကွဲလွဲမှု ၊ အငြင်းပွားမှု တစ်စုံတစ်ရာရှိခဲ့ပါက မူရင်းဖြစ်သည့် အင်္ဂလိပ်အစီရင်ခံစာကိုသာ အတည်ပြု သတ်မှတ်ပေးရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။


ကျေးဇူးပြု၍ မြန်မာဘာသာပြန်ဆိုထားသော ဤအစီရင်ခံစာအား ဒေါင်းလုပ်ဆွဲယူ ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

                                                                      pdf dowm

 

မြန်မာဝမ်ပေါင်မှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ESIA အစီရင်ခံစာ နောက်ဆုံးမူကြမ်းကို ထုတ်ပြန်

Wednesday, 25 June 2014 15:31

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ၏ ESIA အစီရင်ခံစာကို သြစတြေးလျနိုင်ငံ နိုက်ပီးဆိုးဒ် အကြံပေး အဖွဲ့အစည်းမှ ရေးဆွဲခဲ့ပါသည်။

 

ကျွန်တော်တို့ အနေဖြင့် မြန်မာပြည်သူလူထုအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးစလုံးဖြင့် အစီရင်ခံစာကို ထုတ်ပြန်ကြေညာနိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းလျှက်ရှိနေပါသည်။

 

လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးကဏ္ဍကို အလေးထားသော စံပြစီမံကိန်းတစ်ခုအဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

 

ကျေးဇူးပြု၍ ကြည့်ရှုရန်နှင့် ဒေါင်းလုပ်ရယူရန်အတွက်--

 

 pdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowm

pdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowmpdf dowm

                                                    

 

 

 

Social Risk Management:A Social License for Responsible Mining

Thursday, 29 May 2014 21:23

လူမှုဆိုင်ရာအန္တရာယ်များစီမံခန်.ခွဲမှုသည် တာဝန်သိသတ္ထုတွင်းလုပ်ငန်းကိုလုပ်ဆောင်ရာတွင် လူမှုလိုင်စင် ရရှိရန် တော.ချက်တစ်ခုဖြစ်ပါသည် ဟု မြန်မာဝမ်ပေါင်၏ စီမံခန်.ခွဲမှုအဖွဲ.က နားလည်သိရှိ ပါသည်။ ထို.ကြောင့် ၀မ်ပေါင်အဖွဲ.သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိကျေးရွာများသို.ကွင်းဆင်း၍ ဒေသခံများ၏ခံစားချက်နှင့်တောင်းဆိုချက်များကိုသိရှိရန် ရွာသူရွာသားများနှင့်တွေ.ဆုံဆွေးနွေးနောကြပါသည်။ ၄င်းအဖွဲ.သည် ၂၀၁၄ခုနှစ် မေလ ၁၂ ရက်နေ.အထိ ကျေးရွာပေါင်း (၂၀) ကျော်ဝင်ရောက်ခဲ.ပြီဖြစ်ပါသည်။ ကျွန်တော်များသည် ၄င်း ကဲ့သို.ကွင်းဆင်းဆွေးနွေးခြင်းလုပ်ငန်းများကို ၂၀၁၃ခုနှစ် မတ်လ နှင့် စက်တင်ဘာလအတွင်းတွင်လည်း လုပ်ဆောင်ခဲ့ပါသည်။

 

consultation1

consultation4

    consultation5

 

 

 

 

 

 

 

 

 

 

 

pdf iconToan      pdf iconPhaungar (North & Middle)   

 pdf iconWhet Hmay- Kantaw (new)   pdf iconSedae-Zeedaw (new)

ဆက်ဖတ်ရန်....

 

Page 4 of 7

<< အစ < ရှေ့ သို့  1 2 3 4 5 6 7 နောက်သို့ > နောက်ဆုံး >>