Print

လုပ်ငန်းအကျဉ်းချုပ်

မြန်မာဝမ်ပေါင် ကြေးနီသတ္တု တူးဖော်ရေး လီမိတက် (MWMCL) သည် ပီကင်း(ပေကျင်း)မြို့တော် တွင် ရုံးစိုက်သော အပြည်ပြည်ဆိုင်ရာ သတ္တုတူးဖော်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် ဝမ်ပေါင် သတ္တုတူးဖော်ရေး လီမိတက်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ထောင် ခဲ့ပါသည်။ မြန်မာဝမ်ပေါင် ကြေးနီသတ္တု တူးဖော်ရေး လီမိတက်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ လက်ပံတောင်း ဒေသတွင် အခြေစိုက် ထားပါသည်။ လက်ပံတောင်း ကြေးနီ သတ္တုတွင်း သည် ယခုအခါ တည်ဆောက်ဆဲ ဖြစ်သော်လည်း ၂ဝ၁၅ ခုနှစ်တွင် ကြေးနီ စတင် ထုတ်လုပ် နိုင်မည်ဟု မျှော်လင့်ထား ပါသည်။

မြန်မာနိုင်ငံ သတ္တုတွင်း ဝန်ကြီးဌာန အား ကိုယ်စားပြုသည့် အမှတ်(၁) သတ္တုတွင်း လုပ်ငန်းနှင့် MWMCL နှင့် စီးပွားဖက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) တို့ ၂၀၁၃ ခုနှစ် ဇူလိုင်လ တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သော ထုတ်ကုန်အပေါ် အချိုးတူ ခံစားခွင့် စာချုပ်အား ပြင်ဆင်သည့် စကားရပ်အရ မြန်မာအစိုးရ မှ အကျိုးအမြတ်၏ ၅၁% ရရှိပြီး မြန်မာပြည်သူ များအား အကျိုးပြုသွား နိုင်စဉ်တွင် MWMCL နှင့် စီးပွားဖက် MEHL တို့မှ အကျိုးအမြတ် ၄၉% ရရှိမည် ဖြစ်ပါသည်။ MWMCL သည် ရင်းနှီးမြှုပ်နှံမှု အားလုံးနှင့် စီမံကိန်းလုပ်ငန်း လည်ပတ်ရန် အရဲစွန့်လုပ်ငန်း များအား တာဝန်ယူ ရပါမည်။ ယင်းအပြင် MWMCL သည် CSR အစီအစဉ်များတွင် တည်ဆောက်ဆဲ ကာလ နှစ်စဉ် နှစ်တိုင်း အမေရိကန် ဒေါ်လာ တစ်သန်း အား ကျခံသုံးစွဲရန် လည်း ကတိကဝတ် ပြုထားပြီး ဖြစ်ပါသည်။ သတ္တုတွင်းသည် ထုတ်လုပ်မှု စတင်သည့် အခါတွင်လည်း MWMCL နှင့် စီးပွားဖက် MEHL တို့သည် CSR စီမံကိန်းများတွင် နှစ်စဉ် နှစ်တိုင်း အသားတင် အမြတ်၏ ၂% အား ကျခံ သုံးစွဲသွားရပါမည်။