English (United Kingdom)

Header About Us

Print

မိုင်းပိတ်သိမ်းပြီးနောက် ပြန်လည်ပြုစု ပျိုးထောင်မည့် လုပ်ငန်းများကို မည်သို့မည်ပုံ ဆောင်ရွက်မည်နည်။

စီမံကိန်းဧရိယာ ပတ်ဝန်းကျင်အား ပိုမိုကောင်းမွန်စေအောင် ကာကွယ်ပေးသွားရန် Knight Pie'sold Pty Ltd. သည် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု မိုင်းပိတ်သိမ်းမှု အစီအမံကို ရေးသားဖော်ထုတ်ခဲ့ပြီးဖြစ်ပါသည်။
မိုင်းပိတ်သိမ်းမည့် ဒီဇိုင်းပုံစံသည် လူသားများ၊ သတ္တဝါရင်းမြစ် (သို့) ဒေသနေသတ္တဝါများအား ထိခိုက်မှု အန္တရာယ်ကို လက်တွေ့ဖြစ်နိုင်သလောက် လျော့နည်းအောင် ဆောင်ရွက်သွားပါမည်။


လျော့နည်းအောင် ဆောင်ရွက်သွားမည့် အတိုင်းအတာများသည် -


(က) မိုင်းပိတ်သိမ်းပြီးနောက် ဟင်းလင်းပွင့်ကျင်းရေကြောင့် မြေပေါ်ရေ နှင့် မြေအောက်ရေများ၏ ညစ်ညမ်းမှု ဖြစ်နိုင်ခြေကို လျော့ချရန်၊ အဖုံးအကာများ ဖုံးအုပ်ပေးသွားမည့် စနစ်သည် အောင်မြင်သော စီမံကိန်း ပိတ်သိမ်းခြင်း နှင့် မြေယာဖော်ထုတ်ခြင်းအတွက် ပြီးပြည့်စုံသော ဒီဇိုင်းအစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
(ခ) အဆောက်အအုံ အားလုံးအား ဖယ်ရှားသွားရပါမည်။
(ဂ) စွန့်ပစ်ပစ္စည်းများကို အပြီးသတ် မျက်နှာပြင်အောက် အနည်းဆုံး (၃) မီတာအနက်ထိ မြှုပ်နှံသွားပါမည်။
(ဃ) ကွန်ကရိများချိုးဖဲ့ထုချေပြီး အပေါ်မှ မြှုပ်နှံသွားပါမည်။
(င) ချိုးဖဲ့ထုချေထားသော များကို လူထုဘေးကျင်းလုံခြုံစေရန် အတွက် လျောစောက် 1V – 4H အနည်းဆုံး ရရှိအောင် ပြားချပ်သော ပြင်ညီ ပြုပြင်ထားရပါမည်။
(စ) မြေဧရိယာအားလုံးအား ခြစ်ထုတ်ထွန်ယက်၍ အပေါ်ယံမြေဆီလွှာများ ဖုံးအုပ်ကာ မြေမြောင်း တူး၍ မျိုးစေ့ချပြီး အပင်များ စိုက်ပျိုးပေးသွားပါမည်။ အကယ်၍ ထိုသို့ မလုပ်ပေးနိုင်ခဲ့လျှင် ဒေသခံလူမှု အဖွဲ့အစည်းများ၏ သဘောတူညီချက် ရယူလုပ်ဆောင်ပေးသွားပါမည်။


မိုင်းပိတ်သိမ်းပြီးနောက် အသုံးပြုပြီး မြေယာများနှင့် မြေပေါ်ရေတို့အား စီမံခန့်ခွဲမှု အစီအမံများအား အောက်ပါအတိုင်း လုပ်ဆောင်သွားပါမည်။

 

 

mine-closure-map-wanbao-myanmar