English (United Kingdom)

Header About Us

Print

MWMCL သည် အပေါ်ယံမြေဆီလွှာများကို မည့်သို့မည်ပုံစုဆောင်း သိမ်းဆည်းသွားမလဲ။

ESIA ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ အပေါ်ယံ မြေဆီလွှာနှင့် အောက်ခံမြေသား ဖယ်ရှားခြင်းကို မြေအနက် (၄၀) စင်တီမီတာထက် ကျော်အောင် ဖယ်ထုတ်ပါမည်။


အပေါ်ယံမြေဆီလွှာနှင့် အောက်ခံမြေသားများကို စီမံကိန်း ဧရိယာရှိ သီးသန့်နေရာတွင် စုဆောင်း သိမ်းဆည်းပါမည်။
စီမံကိန်းဧရိယာ၏ အစွန်အဖျားတွင် အပေါ်ယံမြေဆီလွှာနှင့် အောက်ခံမြေသားများအတွက် မြေတား တမံများ တည်ဆောက်ပြီး ဖုန်မှုန့်နှင့် ဆူညံသံများအား လူနေအဆောက်အအုံများအား ကာကွယ်ပေးသွားရန် ပြန်လည်ပြုစုပျိုးထောင် သွားပါမည်။ အပေါ်ယံမြေဆီလွှာကို မိုင်းပိတ်သိမ်းခြင်း ကာလအတွင်းနှင့် မိုင်းပိတ်သိမ်း ခြင်းကာလပြီးချိန်တွင် ပြန်လည်ပြုစုပျိုးထောင်မည့် လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရာ၌ အသုံးပြုသွား ပါမည်။

 

အပေါ်ယံ မြေဆီလွှာနှင့် အောက်ခံမြေသားများ အားလုံးကို WRD,HLP နှင့် အခြားသော စီမံကိန်း ဧရိယာများ ပြန်လည်ပြုစုပျိုးထောင်မည့် လုပ်ငန်းများတွင် အသုံးပြုသွားပါမည်။