English (United Kingdom)

Header About Us

Print

MWMCL သည် အထူးသဖြင့် HLPs နှင့် SX-EW စက်ရုံ ပတ်လည်တွင် အက်စစ်အခိုးအငွေ့များ သိပ်သည်းမှုနည်းပါးအောင် မည်သို့ဆောင်ရွက်ထားပါသလဲ။

HLPs တွင် အက်စစ်ဖြန်းသည့် စနစ်ကို အစက်ချဖြန်းခြင်းဖြင့် HLPs ပတ်လည်တွင် အက်စစ် အခိုးအငွေ့များ ဖြစ်ထွန်းမူမရှိနိုင်တော့ပါ။


အက်စစ်အခိုးအငွေ့များ စောင့်ကြည့် စစ်ဆေးသည့် အစီအမံပြုလုပ်ထားခြင်းဖြင့် MWMCL သည် အက်စစ်အခိုးအငွေ့များ လုံးဝဖြစ်ထွန်းမှုမရှိကြောင်း သေချာစေအောင် စစ်ဆေးနေသည်ကို ဒေသလူမှု အဖွဲ့အစည်းများအား သိမြင်စေပါမည်။


ထို့အပြင် SX-EW စက်ရုံနှင့် HLPs ပတ်လည်ရှိ အပေါ်ယံ မြေဆီလွှာအပုံများနှင့် မြေတားတမံ ကြားခံများပေါ်တွင် သစ်ပင်များ စိုက်ပျိုးပေးထားခြင်းဖြင့် အကယ်၍ အက်စစ်အခိုးအငွေ့များ ဖြစ်ပေါ်လာပြီး ပျံ့လွှင့်ခြင်းများ ရှိခဲ့လျှင် သစ်ပင်များ၏ အရွက်များပေါ်တွင် အက်စစ်ကြောင့် အစက်အပျောက်များ ရှင်းလင်းစွာ မြင်တွေ့ရပါမည်။