English (United Kingdom)

Header About Us

Print

လက်ရှိ မြေယာလျော်ကြေးအခြေအနေသည် ဘာလဲ။

ဝမ်ပေါင်သည် မြေယာလျော်ကြေး လုပ်ငန်းစဉ်၏ အဆင့်ဆင့်အားလုံးတွင် နိုင်ငံတော်အစိုးရ နှင့် အတူ တကယ်ဖြစ်လာပါက လုပ်ဆောင်ပေးမည့် တွေ့ဆုံပွဲ အသွင်ဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ လျော်ကြေးငွေများ ကိုလည်း အကြိမ်များစွာ တရားဝင် လိုအပ်ချက်ထက် ပို၍ ထုတ်ပေးခဲ့ပါသည်။ ၂ဝ၁ဝ ခုနှစ် ကတည်းက ကျွန်တော်များသည် စီမံကိန်းကြောင့် အကျိုးသက်ရောက် ခံခဲ့ရသော ဒေသခံများကို မြေယာလျော်ကြေး နှင့် ထောက်ပံ့ကြေးများကို (၃) ကြိမ်တိုင် ထုတ်ပေးခဲ့ပါသည်။ ပထမအကြိမ် ထုတ်ပေးသော လျော်ကြေးငွေသည် မြန်မာနိုင်ငံ ဥပဒေနှင့် အညီ ပထမအကြိမ် ထောက်ပံ့ကြေး နှင့် ပေါင်း၍ ထုတ်ပေးခြင်း ဖြစ်ပါသည်။ အဆိုပါ လျော်ကြေးသည် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်အရ ဒေသမြေယာပေါက်ဈေး၏ (၃) ဆနှုန်းဖြင့် သီးနှံလျော်ကြေးအတွက် ကျပ်ငွေ (၅၂၅ဝဝဝ) နှင့် (၅၅၂ဝဝဝ) အတွင်း တန်ဖိုးသတ်မှတ် ထုတ်ပေးခဲ့ပါသည်။ ဒေသခံများအားလုံးသည် ပထမအကြိမ် ထုတ်ပေးသော လျော်ကြေးငွေများကို လက်ခံရယူခဲ့ပါသည်။ ထို့အတွက် ကြောင့် ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၃) ရက်နေ့၌ ပြည်ထဲရေးဝန်ကြီးဌာနသည် မြန်မာစီးပွားရေးဦးပိုင် လီမိတက် (MEHL) သို့ လက်ပံတောင်းသတ္တုတွင်းအတွက် မြေဂရံ ထုတ်ပေးခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ် မတ်လတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းစီမံကိန်း၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ ကျွန်တော်များသည် စီမံကိန်းကြောင့် အကျိုးသက်ရောက် ခံခဲ့ရသော ဒေသခံများအား ဒုတိယအကြိမ် ထောက်ပံ့ကြေးများ စတင်ထုတ်ပေးခဲ့ပါသည်။ ကျပ်သိန်း ထောင်ပေါင်း (၃.၅၆) ထက် ပိုသော ငွေပမာဏရှိသည့် စုစုပေါင်း မြေဧက (၃၄၄၂၅၅) ကိုသက်ဆိုင်သည့် ဒေသခံများထံမှ ယခုအချိန်ထိ ရယူခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်မှ သတ်မှတ်သော မြေယာလျော်ကြေးစံနှုန်းသည် မြေယာအမျိုးအစားအလိုက် တန်ဖိုးတွက်ချက်၍ တစ်ဧကလျှင် ကျပ် (၁)သန်း မှ (၁.၅) သန်း အတွင်းဖြစ်ပါသည်။
ကန့်သတ်ချက်စံနှုန်းသည် တရားဝင် သတ်မှတ်ချက်ထက် အဆမတန်ပိုများပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ (၃) ရက်မှ စတင်၍ နိုင်ငံတော်သည် ဒေသခံများအား တတိယအကြိမ် ထောက်ပံကြေးများ ထုတ်ပေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မတ်လ (၁၃)ရက်နေ့အထိ မြေဧက (၂၄၃၅၁၆) အတွက် ထောက်ပံကြေးကို ခန့်မှန်းခြေ ဒေသခံ (၈၇၄) ယောက်မှ ထုတ်ယူခဲ့ကြပါသည်။