Myanmar

Print

Press Statement

သတင်းထုတ်ပြန်ချက်

 

၂ဝ၁၆ခုနှစ် သြဂုတ်လ ၂၃ရက် (၁ဝ)နာရီတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တွင် မိုင်းတူဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကန်ထရိုက်တာကုမ္ပဏီ တစ်ခုဖြစ်သည့် စီနိုဟိုက်ဒရို ကုမ္ပဏီမှ တရုတ်ဝန်ထမ်းတစ်ဦး စီမံကိန်းဧရိယာအတွင်းတွင် လုင်ငန်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ စီမံကိန်းအနီးရှိ ဝက်မှေးကျေးရွာ ရွာပောာင်းမှ ဒေသခံအဖွဲ့တစ်ဖွဲ့၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ရရာ စီနိုဟိုက်ဒရို ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဖြစ်သော Mr.Yu Guo Li မောင်းနှင်နေသည့် မော်တော်ယာဉ်အား ထိန်းချုပ် ထားခဲ့ကြပါသည်။ ဝန်ထမ်း Mr.Yu Guoli အားလည်း ကားထဲမှ အတင်းအကြပ်ဆွဲထုတ်ခဲ့ပြီး ကားသော့ကိုလည်း လုယက်ယူဆောင်သွားခဲ့ပါသည်။ ထို့နောက် ၄င်းတရားမဝင်သူများ အဖွဲ့သည် Mr.Yu GuoLi အား ဒူးထောက်စေခိုင်းပြီး လက်သီးဖြင့်ထိုးခြင်း၊ ပါးရိုက်ခြင်းများစသည်တို့ကို ပြုလုပ်နှိပ်စက်ခဲ့ကြရာ Mr.Yu Guoli ၏ ဦးခေါင်း၌ ဒဏ်ရာရသည့်အပြင် ရင်တွင်းမှလည်း အလွန်အမင်း နာကျင်ဝေဒနာခံစားခဲ့ရပါသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေ ကျူးလွန်သည့် တရားမဝင်သူများမှာ မြန်မာနိုင်ငံအစိုးရမှ ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄)အား ကျူးလွန်ထားသည့်အတွက်လည်ကောင်း၊ စီမံကိန်းဧရိယာအတွင်းသို့ အတင်းအကြပ် ၀င်ရောက်လာပြီး စီနိုဟိုက်ဒရိုကုမ္ပဏီ၏ ဝန်ထမ်းအား တိုက်ခိုက်ထာသည့် အတွက်လည်ကောင်း ကျွှန်တော်တို့ကုမ္ပဏီအနေဖြင့် ပြစ်တင်ရှုတ်ချမည်ဖြစ်ပြီး ကုမ္ပဏီနှင့်ဝန်ထမ်းများ၏ တရားဝင်အခွင့်အရေး အကျိုးခံစားမှုအား ဥပဒေလမ်းကြောင်းနှင့်အညီ ကာကွယ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ စီမံကိန်း တစ်ခုဖြစ်သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ပုံမှန်စနစ်တကျ တူးဖော်လည်ပတ်ဆောင်ရွက်နိုင်ရန် ကျွှန်တော်တို့ကုမ္ပဏီမှ မြန်မာအစိုးရအနေဖြင့် ဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ရန် စီမံကိန်းဧရိယာအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အဆိုပါသူများအား ဥပဒေလမ်းကြောင်းနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။